Chapter-10

2.2K 474 17
                                    


Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


ကားထဲကကျီချင်နဲ့ဂူရှီးယွီရဲ့စကား၀ိုင်းလေးကတော့

ကျီချင်-"မင်းဒီရက်အတွင်းအိမ်ပြန်သွားတော့ မတွေ့ရတာကြာလို့ထင်တယ်။
ကိုယ်အရမ်းလွမ်းတာပဲ၊မင်းရောကိုယ့်ကိုမလွမ်းဘူးလား"

ဂူရှီးယွီ-{လွမ်းစရာလား}"လွမ်းတာပေါ့"

ကျီချင်-"အာ့ဆို ပါတီပွဲပီးရင်ကိုယ်နဲ့အတူအိမ်ပြန်လိုက်ခဲ့လေ နော်"

ဂူရှီးယွီ-{လိုက်စရာလား}"အင်း လိုက်မယ်လေ"

ကျီချင်-"လာပါအူး ကိုယ်နမ်းချင်လို့"

ဒီတကြိမ်တော့ဂူရှီးယွီပြန်မဖြေဘဲ လက်သီးသာဆုပ်ထားလိုက်သည်။
သူ့လက်ဆစ်က ဂျိုးဂျိုးဂျွတ်ဂျွတ်အသံတွေတောင်ထွက်လာသည်။
ကျီချင်ကအသံတိတ်ရီလိုက်ပီး
"မင်းနှုတ်ခမ်းလေးက နူးညံ့နေတာပဲ"

(T/N ဒီအပိုင်းမှာ { }ထဲကဟာက ဂူရှီးယွီရဲ့အတွေးပါ)

ဂူရှီးယွီကိုကြည့်ရတာပုံမှန်လိုပဲ။
သူလုံး၀ဒေါသမထွက်ပါဘူးနော်...
သူဘာလို့အဲ့၀က်လိုလူကြောင့်စိတ်ဆိုးရမှာလဲ...

ပါတီပွဲကျင်းပတဲ့စီကျီဟိုတယ်က တရုတ်မှာရှိတဲ့ထိပ်သီးနံပါတ်၁ ဇိမ်ခံဟိုတယ်ဖြစ်သည်။
အဲ့ဟိုတယ်ရဲ့ခန်းမတွေ ဟိုတယ်ခန်းတွေထဲကို နောက်ခံအင်အားတောင့်တင်းချမ်းသာတဲ့အသိုင်းအ၀ိုင်းနဲ့ သြဇာအာဏာကြီးမားတဲ့အသိုင်းအ၀ိုင်းတွေကိုလောက်ပဲ ၀င်ခွင့်ပြုသည်။
သူတို့ဟိုတယ်ရဲ့VIPကတ်မရှိရင် လက်ရှိမင်းလက်ထဲငွေသားဘယ်လောက်ပဲပါနေပါစေ ၀န်ဆောင်မှုပေးမည်မဟုတ်ပေ။
ဒါမယ့်အဲ့ဒီအချက်ကြောင့်လည်း နိုင်ငံတကာရဲ့ထင်ရှားတဲ့ဟိုတယ်စာရင်းတွေထဲမှာပါနေတာပေါ့။

ကျီချင်နဲ့ဂူရှီးယွီဟိုတယ်ရောက်တော့ ကားပါကင်မှာကားသွားထားရင်း ကျီချင်ကားမောင်းနေတုန်းက မကိုင်ဖြစ်တဲ့missed callများကိုပြန်ခေါ်လိုက်သည်။
ဂူရှီးယွီကတော့ဒင်းကိုအဖက်လုပ်မနေပါဘူး။
ခေါင်းငုံ့ကာဖုန်းဖွင့်ပီး တနေရာရောက်တော့ငြိမ်သက်သွားသည်။

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now