Chapter-17

1.8K 390 16
                                    

Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


ညဘက်၉နာရီလောက်ဖြစ်နေတဲ့အချိန်တောင် ဟိုတယ်ရဲ့အခန်းလေး၁ခန်းမှာတော့မီးထွန်းထားဆဲပင်။
သန့်စင်ခန်းထဲမှာတော့ ဂူရှီးယွီဟာသူ့လက်တွေကိုအထပ်ထပ်အခါခါပွတ်ပီး ရေဘုံပိုင်ခေါင်းအောက်မှာဆေးကြောနေသည်။
ရေကအေးစက်နေပေမယ့် သူ့လက်တွေကတော့အပူလောင်ထားသလိုနီရဲနေသည်။
ထို့နောက်သူခေါင်းရောငုံ့ကာ မျက်နှာပါသစ်လိုက်သည်။
သူ့မျက်နှာကအထပ်ထပ်အခါခါပွတ်သပ်ဆေးကြောထားသဖြင့် နီရဲနေသည်။

ကျီချင်က သူ့ရဲ့စွမ်းဆောင်ရည်မှာအလုပ်လုပ်နေသေးကြောင်း ဘာမှချို့ယွင်းမှုမရှိကြောင်းသက်သေပြလိုက်သည်လေ။
အဲ့ဒီတော့ ဂူရှီးယွီတယောက်လက်အံတွေသေလောက်တဲ့အထိ ကျီချင့်ဆန္ဒမီးတွေငြိမ်းအောင်ဖြေဖျောက်ပေးလိုက်ရသည်။
ကံကောင်းချင်တော့ သူတို့ဟိုဒင်းဟိုဟာမလုပ်ခဲ့ကြပေ။
ဂူရှီးယွီသန့်စင်ခန်းကထွက်လာပီးတာနဲ့ မီးပိတ်ကာအိပ်ရာပေါ်တက်လိုက်သည်။
သူ့ကိုယ်ပိုင်ပစ္စည်းလေးကအရမ်းကျန်းကျန်းမာမာရှိကြောင်းကိုစိတ်တိုစွာနဲ့ပြောခဲ့တဲ့ တယောက်သောသူကတော့အခုသူ့ကိုကျောပေးကာအိပ်မောကျနေလေပီ။
ဒီလောက်လေးတချီပီးတာနဲ့အိပ်သွားတဲ့သူကများ ဟိုဒင်းဟိုဟာလုပ်ဖို့ပြောနေသေးတယ် ဒီသောက်....

ကျီချင်အနားမယူရတာ၂ရက်တောင်ရှိနေပီမို့ အခုလိုအိပ်ပျော်သွားတာမဆန်းပါဘူး။
အချိန်နဲ့ယန္တရားဌာနချုပ်ကလူတွေသာ သူတို့အဖွဲ့ခေါင်းဆောင်ရဲ့ရန်သူတွေကိုသေစေနိုင်တဲ့လက်နက်တွေကိုထိန်းချုပ်သော၊control အခန်းမှာကွန်ပျူတာတွေ စနစ်တွေကိုထိန်းချုပ်ရသော၊စစ်ယာဥ်ပျံတွေကိုမောင်းနှင်ရသော ထူးခြားကောင်းမွန်ပီးစင်းလုံးချောမိမိုက်လှတဲ့ လက်၂ဖက်ဟာ နတ်ဆိုးဘုရင်ရဲ့ဆန္ဒတွေကိုဖြေဖျောက်ပေးခဲ့ရတယ်ဆိုတာ သိသွားခဲ့ရင်....
သွားပါပီ ဂူရှီးယွီရဲ့ဖြူစင်ပီးချစ်ဖို့ကောင်းတဲ့လက်လေးတွေဟာ ဗီလိန်ကြီးကြောင့်ညစ်ညမ်းသွားခဲ့ရလေပီ။

တိုင်းပြည်Fကိုရောက်ပီး၃ရက်လောက်က အရမ်းအလုပ်များတဲ့နေ့တွေပါပဲ။
ကျီချင်ကုမ္ပဏီအစည်းအ​ေ၀းသွားတက်နေတုန်း ဂူရှီးယွီကဘော်ဒီဂတ်၂ယောက်နဲ့အတူ ဟိုတယ်နားကကိတ်မုန့်ဆိုင်ဆီထွက်လာခဲ့သည်။
သူကိတ်မုန့်အနဲငယ်၀ယ်ပီးငွေရှင်းဖို့လုပ်နေချိန် စားပွဲမှာကိုကိုးအပူတခွက်သောက်ကာထိုင်နေတဲ့ချင်ချန်းချန်းအား မျက်၀န်းထောင့်မှတွေ့လိုက်ရသည်။
သူမမျက်လုံးတွေကငိုထားသလိုမျိုး နီရဲကမို့အစ်နေသည်။
ဂူရှီးယွီကကိတ်မုန့်ဗူးလေးကို ချင်ချန်းချန်းရှေ့မှာထားလိုက်တော့ သူမရုတ်တရက်လန့်ကာမော့ကြည့်လာသည်။
နောက်မှ သူဖြစ်နေကြောင်းသိလိုက်ရ၍စိတ်သက်သာရာရသွားတဲ့ပုံဖြစ်သွားသည်။

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now