" တိုက်ချင်တာလား .. အကြိုက်ဆုံးဘဲ . " လော့ကျွင်းက ခန္ဓာကိုယ်အား ယိမ်းလိုက်ပြီး မိုးကြိုးအား အသာအယာ ရှောင်လိုက်သည် ။ သူ့ လက်ဖဝါးထဲတွင် အနီရောင်တောက်တောက်မီးလျံတစ်ခု ပေါ်လာခဲ့သည် ။ စတင်တိုက်ခိုက်သည်နဲ့ လော့ကျွင်း၏ နဖူးအလယ်တွင် အနက်ရောင်မီးလျံပုံသဏ္ဍာန် အမှတ်တစ်ခုက ထင်းခနဲ ပေါ်လာခဲ့ပြီး ခန်းမကြီးတစ်ခုလုံး မီးတောင် တစ်ခုကဲ့သို့ ပူလောင်လာခဲ့သည် ။
' သေစမ်း!! ဒီနှစ်ယောက်က ဘာဆေးစားထားလို့လဲ .. ငါနဲ့ ယှဉ်နိုင်တဲ့အထဲမှာ အသန်မာဆုံးဘဲ ..' မို့ယောင်၏ မျက်နှာထားက ပိုပို အေးစက်လာခဲ့သည် ။ သူ မျက်ဝန်းထဲ ရက်စက်သည့် အလင်းတစ်ချက်လက်သွားခဲ့ကာ ကျောက်စိမ်းဗူးတစ်ခုအား ထုတ်ယူလိုက်ပြီး လော့ကျွင်း၏ တိုက်ကွက် လာရား လမ်းကြောင်းတွင် ထားလိုက်သည် ။
" လော့ကျွင်း .. ဟုတ်လား .. ဒီမှာကြည့် .. ဒီဗူးထဲမှာ မင်းအစ်ကို ရဲ့ မျက်လုံးကို ကုသနိုင်တဲ့ ဆေးလုံးအတွက် အဓိကအမယ် ရှိတယ် .. "
လော့ကျွင်း၏ ခန္ဓာကိုယ်သည် တုံ့ဆိုင်းသွားကာ တိုက်ကွက်အား အလျင်အမြန်ရုတ်သိမ်းလိုက်ရတော့သည် ။ သူ့တိုက်ကွက်များသည် ပေါက်ကွဲနိုင်စွမ်း မြင့်မားကာ ချန်းယန်ကဲ့သို့ မတည်ငြိမ်ပေ ။ ပြန်ရုတ်သိမ်းသည့် အချိန်တွင် တန်ပြန်သက်ရောက်မှုက ချန်းယန်ထက်ပင် ဆိုးရွားသွားသေးသည်။
သည်အချိန်ကို စောင့်နေသည့် မို့ယောင်က အနက်ရောင်ရှိသည့် မိုးကြိုး အား လော့ကျွင်း၏ နဖူးတည့်တည့်သို့ ပို့လွှတ်လိုက်တော့သည် ။ ဒီလို ပါရမီရှင်မျိုး အား ရန်သူအဖြစ် ရှင်သန်ခိုင်းရအောင် သူက အရူးမဟုတ်ပေ ။
" ဟမ့် .. ငါ့ ရှီရှုံးက ဘယ်လိုလုပ် ရှုံးနိုင်မှာလဲလို့ တွေးနေတာ .. အခုတော့ အဖြေသိသွားပြီ .. ပါရမီရှင်နာမည် ခံယူထားတဲ့ ငကြောက်ကောင် တစ်ကောင်ပါလား .." လော့ကျွင်းက အနက်ရောင်အလင်းတန်းအား မရှောင်နိုင်သည်ကို သိနေသောကြောင့် မို့ယောင်အား ခနဲလိုက်ပြီး တိုက်ကွက်အား ခံယူရန်သာ ပြန်ထားလိုက်သည် ။
မို့ယောင်၏ မျက်နှာက မဲမှောင်သွားသော်လည်း သူက လက်သီးကို တင်းတင်းဆုပ်ထားလိုက်ပြီး ဂရုမစိုက်ဟန် ပြုလုပ်ထားလိုက်သည် ။ သူသာ သန်မာလျှင် သူက နတ်ဆိုးအတတ်ကို ကျင့်ကြံမည်ဆိုလျှင်တောင် ဘယ်သူမှ သူ့အား ဝေဖန်နိုင်မည် မဟုတ်ပေ ။ လော့ကျွင်းသာ သေလျှင် ဒီကနေ့ အဖြစ်အပျက်က အကြောင်းအရာအတွက် သူ့တွင် ထိန်းချုပ်နိုင်စွမ်း အပြည့်အဝရှိလေသည် ။