Li.ငါဖုံးထားပါတယ်...ဒါပေမဲ့ ဖေဖေ့ဆီကိုတော့ လာမှာပါ အမြဲတမ်း ငွေစတွေလိုအပ်ရင် ငါ့ကိုပြောပါ ဘုရင်မက ငါ့ကိုအဲ့ဒါတွေတော့ပေးထားတယ်...

ထိုသို့ပြောပြီး သူ့ဝတ်ရုံထဲကနေ ဖွယူလာ​တဲ့ ငွေအိတ်နှစ်အိတ်ကိုပေးလိုက်တယ်...

"အမှန်အတိုင်းပြောရရင် အဆင်မပြေခဲ့ဘူး ထင်းတွေခုတ်ရောင်းရတာမလို့လေ"

Li:နင့်လက်ကိုကြည့်ရင်သိပါတယ်...

အရင်က စုတ်တံလေးကိုင်ရင်း စာအုပ်စာပေကိုသာလိုက်စားတဲ့ ဘန်းဘန်းရဲ့ လက်တွေဟာနုဖက်လွန်းပင်မယ့် အခုတော့ အသားမာတွေနဲ့ ကွဲရာရှရာတွေနဲ့

"မြို့တော်ထဲလည်းမဝင်ရတော့ တဆင့်ခံရောင်းချရတော့ ငွေစက ထင်သလောက်မရခဲ့ဘူး..ဒီနေရာမှာ နေထိုင်ခကလည်းပေးနေရတာကြောင့် တခါတခါ ဖေဖေသခင်ကြီးက နာမကျန်းဖြစ်ရင် ရူးပါရူးချင်ခဲ့တာ"

Li:ငါသိပါတယ်...အားလုံး ငါ့အပြစ်ပါ တောင်းပန်ပါတယ် ငါ...ငါ..

"နင့်အပြစ်မဟုတ်ပါဘူး ban... ကံကြမ္မာအရပါ အဲ့ဒါကြောင့် ဘုရင်မကိုလည်းမုန်းတီးမနေပါနဲ့တော့"

Li:နင်ညဘက်တွေမအိပ်ရဘူးလား မျက်ကွင်းတွေကညိုမဲနေတာဘဲ...

"ဒီနေရာက ငါတို့အိမ်တော်လိုမဟုတ်ဘူးလေ ဒီကွင်းပြင်ကြီးမှာ ဒုက္ခသည်တွေလည်းအတော်များတယ် ကလေးရှိမယ် လူကြီးရှိမယ် ငါတရက်မှကောင်းကောင်းအိပ်မပျော်နိုင်သေးဘူး "

Li:ဖေဖေကရော..

"အတူ​တူဘဲပေါ့ "

သခင်မလေးဟာ သူတယောက်တည်း နန်းတွင်းတွင် အစားကောင်းစား ကောင်းမွန်တဲ့သလွန်မှာအိပ်နေရခြင်းကို မသတီလာခဲ့....

"အာ..ဝမ်းနည်းစရာတွေပြောမိပြန်ပြီ...ငါနင့်ကိုပြောမလို့ ဒီနေ့ကချေသည်ယောင်းရဲ့ ဖျော်​ဖြေပွဲရှိတယ် မသွားဘူးလား"

Li:နင်ပြောစရာတောင်မလိုဘူး ငါထိပ်ဆုံးတန်းကကြည့်ဖို့တောင် နေရာဝယ်ပြီးပြီ...

"ကောင်းကောင်းပျော်ခဲ့ နင်လည်းမပျော်ခဲ့ရတာကြာပြီမဟုတ်လား"

Last Tear (Season 1)Where stories live. Discover now