အပိုင်း (၇၆၆) - ဇဝေဇဝါဖြစ်ခြင်း

Start from the beginning
                                    

ချီဝေ၏ မုတ်ဆိတ်မှာ အားလုံးရိတ်ပြီးဖြစ်ကာ ဓားကိုသိမ်းပြီး နီး ကပ်လာသော ဝိဥာဉ်မိစ္ဆာများကို ကြည့်လိုက်သည်။ သူ အော်လုနီးပါးဖြစ်သွားချိန်တွင် ရှီမာယူယူသည် သူ့ပါးစပ်ကိုပိတ်လိုက်သည်။

"မအော်နဲ့" ရှီမာယူယူသည် သူ့အားကြည့်ပြီး တိုးညင်းသောအသံဖြင့် ပြောလေသည်။

ချီဝေသည် ခေါင်းညိမ့်ကာ သူမလက်ဖယ်သည်အထိ စောင့်ပြီး တိုးညင်းစွာပြောလေသည် "အဲဒီဝိဥာဉ် မိစ္ဆာတွေက တစ်ခုခုပဲလို့ဘာလို့ ခံစား မိနေတာလဲ"

အပြာရောင်ဓားသွားနှင့် တခြားသူများလည်း ထိုအတိုင်းအာရုံခံမိသည်။ ထိုဝိဥာဉ်မိစ္ဆာများသည် သူတို့ ဆီသို့ပျံလာခြင်းမဟုတ်ပဲ တောင်ကြားဘက်သို့ ပျံသွားခြင်းဖြစ်သည်။

ချီဝေသည် ရှီမာယူယူဘက်လှည့်ကာ သူမ နားနားတွင် တိုးညင်းစွာ မေးလေသည် "ဆရာ ဘယ်လိုဖြစ် တာလဲ"

အားလုံးလည်း လှည့်ကြည့်ကြသည်။

ရှီမာယူယူသည် လက်ဆန့်ကာ သူ့ခေါင်းကိုတွန်းပစ်ပြီး ပြောလိုက်သည် "ဘာလဲ"

"အဲဒီိဝိဥာဉ်မိစ္ဆာတွေလေ၊ ဘာလို့ဟိုဘက်ကိုပျံသွားကြတာလဲ ကျွန်တော်တို့ဒီမှာရှိနေတာကို" ချီဝေ ပြောလိုက်သည်။

"သူတို့မျက်လုံးထဲမှာ ငါတို့က ဟိုဘက်ရောက်နေတာ" ရှီမာယူယူသည် တောင်ကြားဘက်သို့ ညွှန်ပြ လိုက်သည်။

"ဘာလို့လဲ"

"ငါတည်ဆောက်မှုလုပ်လိုက်တာလေ၊ အဲတစ်ခုနဲ့ ငါတို့ရပ်နေတာနဲ့ ချိတ်ဆက်လိုက်တာ၊ ငါတို့ အရိပ်နဲ့ ရောင်ဝါတွေက ဖြတ်လမ်းတည်ဆောက်မှု ရှိတဲ့ဘက်ရောက်သွားတာ၊ အဲဒါကြောင့် ဝိဥာဉ်မိစ္ဆာတွေက ငါတို့ကို တောင်ကြားမှာရှိတယ်ထင်နေတာ" ရှီမာယူယူ ရှင်းပြလိုက်သည်။

"အဲဒါက သတင်းပဲကြားဖူးတဲ့ သားအမိတည်ဆောက်မှုလား" ယုချင်း မေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိမ့်ကာ ပြောလိုက်သည် "မင်းက သားအမိ တည်ဆောက်မှုကိုသိတာလား၊ မိန်းကလေးယုချင်း မင်းလည်း တည် ဆောက်မှုသခင်လား"

ယုချင်းသည် ခေါင်းရမ်းကာ ပြောလေသည် "မဟုတ်ပါဘူး၊ ဆရာဘူနဲ့ လိုက်သွားတုန်းက သားအမိ တည်ဆောက်မှုအကြောင်း သူပြောတာကြား ဖူးလို့ပါ၊ ပျောက်ဆုံးနေတဲ့ တည်ဆောက်မှုအမျိုးအစားတွေ အများကြီးရှိ တယ်ဆိုပြီး အဲတုန်းက သူယူကြုံးမရပြောခဲ့သေးတယ်၊ သားအမိ တည်ဆောက်မှုက တည်ဆောက်မှု နှစ်ခုဆက်သွယ်ပြီးမှ အသက်ဝင်တာ ဆိုတော့ ထူးခြားနေတယ် ကျွန်မမှတ်မိတယ်"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now