အခန်း-၂၃

Start from the beginning
                                    

လီကိုက ဝှီးချဲပေါ်ထိုင်ကာ ဒုတိယမင်းသားကို စိတ်တိုင်းကျဆဲခွင့် ပေးထားလိုက်သည်.. သူ့မျက်နှာက အနည်းငယ်ဖြူဖျော့နေပေမယ်လို့ သူ့ရုပ်ကတော့ ဘာမှပြောင်းလဲခြင်းမျိုးမရှိဘဲ... မသိရင် အခုပြောဆိုနေတာတွေက သူ့ကိုမဟုတ်ဘဲ တခြားလူကိုပြောနေသလိုလို...

ညနေစောင်းတော့မှသာ သူ့ကို ပြန်ခွင့်ပေးသည်..

ဒုတိယမင်းသားက လီကို အတွက်ခက်ခဲစေရန် ပြန်လိုက်ပို့ဖို့ အစေခံမခေါ်စေဘဲ တစ်ယောက်တည်းပြန်စေသည်.. ဒုတိယမင်းသားကပြောသည်.."ကျိလူကြီးမင်း အပြန်လမ်းကို ဂရုစိုက်ပါ.. ညကလဲမှောင်နေပြီ.. လမ်းခရီးမှာ တခုခု မဖြစ်စေနဲ့ဦး"

လီကို ဘာမှပြန်မပြောပေ.. သူ့ဝှီးချဲကို လှည့်ကာ ထွက်လာခဲ့သည်..

နန်းတော်က ကြီးမားလွန်းလှသည်. ဒုတိယမင်းသားက တမင်တကာလုပ်ခြင်းဖြစ်ရာ... လီကိုလဲ သူ့ဘာသာ ဖြည်းဖြည်းချင်းလှိမ့်ပြီး တရွှေ့ရွှေ့ နဲ့ သာ ထွက်လာနိုင်သည်.. ကောင်းကင်တခုလုံးမှောင်သွားချိန်တွင်.. လီကိုကတော့ အကွာအဝေးရဲ့ တဝက်ခန့်သာ ခရီးရောက်သေးသည်..

ကံကောင်းတာတခုက လီကိုက တလမ်းလုံး system နဲ့ရန်ဖြစ်လာသည်ဖြစ်ရာ ပျင်းတော့မပျင်းရပေ..

ညမှောင်လာချိန်တွင် လမ်းခရီးက သွားရတာပိုခက်ခဲလာသည်.. လမ်းမှာ ရဲမက် တချို့ နှင့် တွေ့ပြီးသူတို့က လီကို့ကို အကူအညီလိုလားမေးပေမယ့် လီကိုကတော့ ငြင်းဆန်ခဲ့သည်..

သူ့ရဲ့ ငြင်းဆိုမှုကို နားမလည်နိုင်ဖြစ်သွားတဲ့ ရဲမက်ကို ကြည့်ကာ လီကိုက ရယ်လိုက်ရင်း ရှင်းပြသည်.. "မင်းငါ့ကို ကူညီလိုက်တာ ဒုတိယမင်းသားသိသွားရင် မင်း အပြစ်တင်ခံနေရလိမ့်မယ်"

ထိုတော့မှ ရဲမက်တွေက နားလည်သွားကာ လီကို့ကို တောင်းပန်သည့် မျက်ဝန်းများဖြင့်ကြည့်သည်..

လီကို့မျက်နှာရိပ် မျက်နှာကဲကတော့ မပြောင်းလဲပါ.. ချီးမြှင့်ခြင်းကိုရော ဖိနှိပ်ခြင်းကိုရော သူအရေးတယူမရှိပေ...

နန်းတော်ထဲက တချို့နေရာများက အတော်ခေါင်လေသည်.. လီကိုတစ်ယောက်တည်းသွားနေရင်း.. နည်းနည်းကြောက်လာမိ၏.. "system...ဒီမှာ သရဲတွေဘာတွေတော့ မရှိပါဘူးနော့"

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Where stories live. Discover now