အခန်း-၂၃

En başından başla
                                    

ရန်ကျစ်ယောင်က ထိုအစေခံကို ကြည့်ကာ ရေရွတ်သည်." ဒါဆိုရင် မင်းခိုးသွားတဲ့ ငါ့ဆံထိုးပြန်ပေး"

သူမက ဆံထိုးဆိုသည့် စကားပြောလိုက်ချိန်တွင် အစေခံ၏ခန္ဓာကိုယ်က တောင့်တင်းသွားသည်.. အေးစက်စက်ဖြင့် ပြုံးပြနေသည့် ထိုလူကြီးမင်း၏ မျက်နှာက စိတ်ထဲတွင်ပေါ်လာကာ ကြက်သီးများထသွား၏.. ဘယ်လိုဆင်ခြေပေးရမလဲမသိသဖြင့် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေပြီး ခဏအကြာတွင် သူမက ပြောသည်.. "အဲ့ဒီဆံထိုးက .. ဟို... ဟို... ကျပျောက်သွားလို့ပါ"

ရန်ကျစ်ယောင်က သူမစကားကို ဘယ်လိုယုံပမလဲ.. ဒါပေမယ့် မယုံတော့ကော ဘာလုပ်နိုင်မှာလဲ? သူမဘာသာတွေးလိုက်ပြီးနောက် စားစရာများကို ကြည့်ကာ တံတွေးမြိုချလိုက်မိသည်..

အစေခံက ပြောသည်.." အခု... အခု.. အချိန်ကစပြီး.. မင်းသမီးလေးကို လုံးဝမဆာလောင်စေရပါဘူး" ဒီစကားတခွန်းပဲ သူမ အာမခံနိုင်လေသည်..

ဒီစကားကိုကြားတော့ ရန်ကျစ်ယောင်ရဲ့ မျက်နှာသေးသေးလေးပေါ်က မျက်ဝန်းနက်နက်၂စုံက တောက်ပသွားလေတော့သည်...

ဒီအဖြစ်အပျက်တွေဖြစ်နေချိန်မှာ တဖက်မှာတော့ ကျိအိမ်တော်ကို ရန်ကျင်းရီ လာသွားတာ တလခန့်ပင် ကြာနေပြီဖြစ်သည်..

ထိုတလအတွင်း.. လီကို့ကို မင်းကြီးကတခါ ဒုတိယမင်းသားက တခါ ဆင့်ခေါ်ခဲ့သည်..

မင်းကြီးက သူ့ရဲ့ ကျန်းမာရေးအခြေအနေကို မေးမြန်းပြီး....သူ့ပုံစံကို ကြည့်ကာ ရန်ကျင်းရီက ဘလိုနည်းလမ်းတွေနဲ့ သူ့ကို စိတ်ရောကိုယ်ပါ အလဲ ထိုးထားသလဲဆိုတာကို ရိပ်မိဟန်ရှိလေသည်..  ဒါပေမယ့် ဒါက ကျိရှန်းရဲ့ ဂုဏ်သတင်းထိခိုက်အောင်... ဒုတိယမင်းသား မယုံကြည်တော့ဘဲ သံသယဝင်အောင်သွေးခွဲချင်လို့သာ ဖြစ်မည်ဟုထင်ပြီး ရန်ကျင်းရီက တကယ်သူ့ကို ဟိုဒင်းလုပ်မယ်ဟုတော့ မင်းကြီးက မထင်ပေ...

မင်းကြီးနဲ့ တွေ့ပြီးသိပ်မကြာခင်မှာပင် လီကို ဒုတိယမင်းသားထံ အခစားဝင်ရသည်..

ဒီတကြိမ်တော့ ဒုတိယမင်းသားက နည်းနည်းမှသက်ညှာခြင်းမရှိတော့ပေ... လီကိုကို လက်ညှိုးငေါက်ငေါက်ထိုးကာ ကြမ်းတမ်းသောစကားလုံးများဖြင့် ရစရာမရှိအောင်ပြောလေသည်.. သူ့ အခြေအနေခက်ခဲလေလေ.. သူ့စိတ်အခြေအနေက မတည်ငြိမ်လေလေဖြစ်ကာ.. သူ့ကျရှုံးမှုအားလုံးကို ဒေါသအဖြစ်ဖြင့် လီကို့ အပေါ်ကို ပုံချလေသည်..

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Hikayelerin yaşadığı yer. Şimdi keşfedin