မို့‌ယောင်သည် လူအိုကြီး လက်မှ မသေရုံတမယ် လွတ်မြောက်လာခဲ့သော်လည်း သူ့မိသားစုဝင်များသည် အကုန်သတ်ဖြတ်ခံလိုက်ရသည် ။ သူ့မိသားစုဝင်များ၏ သေဆုံးမှုက သူ့အား ဝမ်းနည်းမှုကို မဖြစ်ပေါ်စေပေ ။ သူ့မိဘများသည် မရှိတော့သည် ဖြစ်ရာ တခြား မိသားစုဝင်များသည် သူ့အား အမြဲအနိုင်ကျင့်တတ်ကြသည် မဟုတ်ပါလား ။ သူ့အတွက်တော့ လူအိုကြီးက သူ့မျက်စိရှေ့က အမှိုက်များကို ရှင်းပစ်ပေးလိုက် ခြင်းသာ ။
သို့သော် သူ့အား မသေရုံတမယ် တိုက်ခိုက်ခဲ့သည့် လူအိုကြီးအား လွတ်ပေးရလောက်အောင် မို့‌ယောင်သည် သူတော်စင် တစ်ယောက် မဟုတ်ခဲ့ပေ ။ သူက ကျင့်ကြံရေး အဆင့်မြင်လာသည်နဲ့ ထိုလူအိုကြီးအား သွားရောက် လက်စားချေရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည် ။
တကိုယ်တည်း ကျင့်ကြံသူအနေဖြင့် သူ့တိုးတက်မှု နှုန်းက အကန့်အသတ်ရှိလေသည် ။ ထို့အတွက် ဂိုဏ်းတစ်ခုသို့ ရွေးချယ်ဝင်ရောက်ခဲ့သည် ။ မကောင်းမကန် နဲ့ အများက ပစ်ပယ်ထားသည့် အရာများသည် ဇာတ်လိုက်များအတွက် cheat အကြီးကြီးများ ဖြစ်လေ့ရှိသည့် plot အတိုင်း အသေးငယ်ဆုံး နဲ့ လျို့ဝှက်ချက်ရှိသည့် ဂိုဏ်းတစ်ခုကို ဝင်ရောက်ခဲ့ကာ ထိုဂိုဏ်း၏ ဘယ်သူမှ မကျင့်ကြံနိုင်သည့် သိုင်းစာအုပ်ကို ရရှိခဲ့ပြီး သူ့စွမ်းအားများ ပိုတိုးတက်လာခဲ့သည် ။
ရေခဲကဲ့သို့ အေးစက်သည့် အလှပဂေး ဂိုဏ်းတူ အစ်မနဲ့လည်း ဘာလိုလို ဆက်ဆံရေးကို ရရှိခဲ့ပြီး ယောက်ျားထုကြီး၏ အပြစ်မရှိ အပြစ်ရှာခြင်းကို ခံရပြီး ထိုယောက်ျားထုအား မို့‌ယောင်က မွေးမိခင်ပင် မမှတ်မိလောက်အောင် ရိုက်နှက်လိုက်ပြီး ဂိုဏ်းတူအစ်မ၏ အထင်ကြီးခြင်းကို ခံလိုက်ရ‌လေသည် ။
မို့ယောင်၏ စွန့်စားခန်းများသည် တွေ့နေကြ ရှန်းရှ plot များနဲ့ အကုန်နီးပါး တူညီလေသည် ။ ရောက်လေရာ အရပ်တွင် အလှပဂေးလေးများကို ဆွဲဆောင်နိုင်ကာ ထိုအရပ်က ပါရမီရှင်များကို လှလှပပ ရိုက်ချနိုင်ခဲ့သည် ။ မို့ယောင် ပေါ်လာသည်နဲ့ မိန်းမလှလေး တစ်ယောက်တော့ အမြဲတမ်း ပါဆဲပင် ။ သို့သော် မို့ယောင်သည် အချောအလှလေးများအား ဝေးဝေးထားကာ ဆက်ဆံခြင်းက ထိုအလှလေးများကို နှစ်သက်သည့် သူများ၏ အသဲအား ကုတ်ခြစ်ခံရသလို ခံစားရစေပြီး အလှလေးများကိုတော့ မဖြစ်နိုင်လေ ပိုတပ်မက်လေ ဖြစ်စေသည် ။