ရိုဟန်သည် လော့၏ ခါးလေးအား လက်တစ်ဖက်ဖြင့် ပွေ့ယူလိုက်ကာ ခေါင်းကို ထိန်းလိုက်ပြီး နမ်းလိုက်တော့သည် ။ " အခုကစပြီး .. သူက ငါ့ပိုင်ရှင်ဘဲ .." ရိုဟန်၏ ဂုဏ်ယူစွာ ပြောဆိုမှုအပြီးတွင် နှစ်ဦးသား အိမ်မှ ကန်ထုတ်ခံလိုက်တော့သည် ။
ခရော့စ်က နံရံအား မှီလျက်ကာ လက်ဝှေ့ယမ်းကာ " ထွက်သွား .. ထွက်သွား .. အနှောက်အယှက်တွေ .. ထွက်သွား  .."
" ခရော့စ် မင်းက ငါပေးတဲ့ လစာ ယူထားတာနော် .. " ရိုဟန်က တွန့်ကြေသွားသည့် အင်္ကျီအား ဖြန့်လိုက်ပြီး ရန်တွေ့လိုက်သည် ။
" ဟမ့် .. ငါ့ အလှလေးက ငါ့ကို ထောက်ပံ့နိုင်တယ် .. မင်းရဲ့ မဖြစ်စလောက် လစာလေးကို လိုအပ်တယ် ထင်နေတာလား .. " ခရော့စ်သည် ငြိမ်ခံနေဖို့ စိတ်ကူးမရှိပေ ။ သူက အေးစက်စက်ပြုံးရင်း သာ အရှက်မရှိ ကြွားဝါလိုက်တော့သည် ။
အမှောင်ထဲမှ အစောင့်များ : "..." ငါတို့ အဖွဲ့အစည်းရဲ့ ဝင်ငွေက ကိုင်းရာ အဖွဲ့ရဲ့ ကွန်မန်ဒါရဲ့ လစာကို မမီလို့ ခေါင်းဆောင်က တခြားသူကို မှီခိုနေရတာလား ..
ရိုဟန် က Liam အား မေးခွန်းထုတ်ဟန်ဖြစ်ကြည့်လိုက်သည် ။ တချိန်တည်းမှာပင် ထိုမောက်မာနေသည့် အကောင်အား ပြန်ပြောရန် စကားရှာနေခဲ့သည် ။
Liam က သူ့လက်တစ်ဖက်ဖြင့် မျက်နှာကို အုပ်ရင်း မနေနိုင်စွာ ရယ်မိလိုက်သည် ။ " အမှန်ဘဲ .. ငါက သူ့ကို ထောက်ပံ့နိုင်တယ်လေ .."
ရိုဟန် : "..." မင်းက ငါယုံကြည်ရတဲ့ ကွန်မန်ဒါလေ ..
သည်အချိန်တွင် လော့သည် ရုတ်တရက် အနမ်းကြောင့် ရှက်နေဖို့ပင် အချိန်မရှိတော့ဘဲ ထခုန်လုမတတ်ဖြစ်နေသည့် ရိုဟန်အား ဆွဲခေါ်လာရတော့သည် ။ အခုချိန်မတားလျှင် နှစ်ယောက်သား တိုက်ခိုက်ကြတော့မည် ဖြစ်သောကြောင့်ပင်။
ထိုသို့ဖြစ်ပါက အခြားသူများ လာမတိုက်ရသေးခင် ကိုင်းရာ အဖွဲ့က ဒီနှစ်ဦး လက်ချက်ကြောင့် ပျက်စီးသွားပေလိမ့်မည် ။
**
" Sir .. အားလုံးပြင်ဆင်ပြီးပါပြီ .. ဒီတစ်ခေါက် ကြယ်တာယာညီလာခံကျ‌ရင် ရိုဟန်ကို ဖြုတ်ချနိုင်ဖို့ ၆၀% သေချာပါတယ် .."