7. EW10 (Zawgyi)

373 17 0
                                    

သူအိမ်တံခါးကိုဖွင့်လိုက်တော့ အိမ်သူကြီးတရုတ်က ဧည့်ခန်းထဲမှာထိုင်နေတယ်။ သူလာမယ်ဆိုတာ ကြိုဖုန်းဆက်ထားလို့စောင့်နေပုံပဲ။ ဖုန်းထဲမှာတစ်ခါရှင်းပြထားပြီးပေမယ့် လူချင်းမျက်နှာချင်းဆိုင်ပြီး တစ်ခါထပ်ရှင်းပြလိုက်တယ်။ အိမ်သူကြီးတရုတ်က သူ့ကိုများများမပြောဘူး။ ထုံးစံအတိုင်း မနေတော့ဘူးဆိုရင် တစ်လကြိုပြောရမှာမို့ သူ့အခန်းခက ပြန်မအမ်းနိုင်ဘူး။ သူလဲစပေါ်လေးပြန်ထုတ်လို့ရရင်ကိုတော်ပါပြီလေ။ နောက်အိမ်အတွက် စပေါ်နဲ့လခကတော့ သူနဲ့အက်ဒီ ကိုရီးယားသွားလည်ဖို့ စုထားတဲ့အထဲကပေါ့။

သူ့အိပ်ခန်းထဲကိုဝင်လာတော့ အထဲမှာ အက်ဒီနဲ့ သူ့အမေရှိနေတယ်။ သူပစ္စည်းလာသိမ်းမယ်ဆိုလို့စောင့်နေကြပုံပဲ။ အက်ဒီ့ပုံစံက တကယ်ဆိုးဆိုးရွားရွားဆန်လွန်းတယ်။ စာမေးပွဲနီးရင် သုံးလေးရက် မအိပ်ပဲစာဖတ်တုန်းကထက်ဆိုးတဲ့ အခြေအနေနဲ့ မျက်ကွင်းတွေလဲမဲလို့။ ချောင်ကျနေတဲ့ အက်ဒီ့မျက်နှာကို ဆက်မကြည့်နိုင်တော့ပဲ သူအကြည့်လွှဲလိုက်တယ်။ သူ့က်ု ရွံရှာစရာ ကြွက်သေကောင်လ်ု ကြည့်နေတဲ့ အက်ဒီ့အမေကိုလဲ နှုတ်ဆက်မနေတော့ဘူး။ ကျောခိုင်းပြီး သူ့ကိုယ်ပိုင်ပစ္စည်းတွေကိုသိမ်းလိုက်တယ်။ သိပ်များများတော့လည်း သိမ်းဆည်းစရာရယ်မရှိပါဘူး။ အက်ဒီကလဲ သူ့ပစ္စည်းတွေကို သိမ်းပြီးပြီမို့ ကျန်တာတွေကို ကောက်သိမ်းရုံပဲပေါ့။

"မာမီ ခဏအပြင်ထွက်ပေးပါ"

အက်ဒီက တောင်းပန်တဲ့လေသံနဲ့ပြောတယ်။ ဒါပေမယ့် အက်ဒီ့အမေက လိုက်လျောမယ့်ပုံစံမရှိဘူး။

"ငါက ဘာကိစ္စထွက်ပေးရမှာလဲ"

"သားကို နိုင်းနဲ့ ခဏလောက်စကားပေးပြောပါ"

"ပြောချင်ရင်ငါ့ရှေ့မှာပြော"

ခဏလောက်ရပ်သွားတဲ့ သူ့လက်တွေက တွေ့သမျှ ပစ္စည်းကိုအကုန်ကောက်ကိုင်ပြီး အိတ်ထဲ အမြန် ထိုးထည့်လိုက်တယ်။ အက်ဒီနဲ့ သူစကားလဲပြောချင်တယ်။ ပြောလဲမပြောချင်ဘူး။ အက်ဒီ့ဆီက တစ်ခုခုကိုကြားချင်မိနေပေမယ့် ဒါက ရှေ့ဆက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့ သူတို့အခြေအနေမှာ နာကြင်စရာသက်သက်ပဲဖြစ်မှာမို့ နားမထောင်ချင်ပြန်ဘူး။ ပြီးတော့ အက်ဒီပြောမယ့်စကားဟာ သူကြားချင်တဲ့စကားရော ဟုတ်ရဲ့လားဆိုတာ မသေချာဘူး။

မင်းရှိတဲ့မြို့ ( 1.3521° N, 103.8198° E)Where stories live. Discover now