1. EW10 (Zawgyi)

774 23 0
                                    

ဧပြီလမဟုတ်ပဲ ပိတောက်ပန်းတွေ ပွင့်နေပြန်တယ်။

ဒီမြို့က ဒီလိုပါပဲ မူမမွန္ဘူး။ နေကျစ်ကျစ်တောက်ပူလိုက် တဝုန်းဝုန်းနဲ့ မိုးတွေခြိမ်းပြီးရွာချလိုက်နဲ့ဆိုတော့ ပိတောက်တွေလဲ မျက်စိလည်ပြီး ပွင့်ချင်ရာ အချိန်ထပွင့်တာပါပဲ။ အရင်က ပိတောက်မြင်ရင် သင်္ကြန်ကျတော့မယ်ဆိုပြီး ပျော်တတ်တဲ့ အထူးတလည် ခံစားချက်လေးတွေတောင်မှ ဒီမြို့ရောက်ပြီး နည်းနည်းကြာတော့ ပိတောက်ပန်းတွေ ဝါထိန်နေတာမြင်ရတာတောင် မတုန်လှုပ်တော့ဘူး။ အဲ့ဒီအစား သရက်သီးတွေသီးတာကမှ သူ့ကိုရင်ခုန်စေသေးတယ်။ အက္ဒီကေတာ့ သူတို့တိုက်အနောက်ဘက်ကွင်းပြင်က သရက်ပင်မှာ အကင်းတွေရှိနေပြီလို့ သတင်းပေးဖူးတယ်။ ဒါပေမယ့် သရက်ပင်က အခု ပိတောက်ပင်လို သူ့အခန်းပြတင်းကနေ မြင်ရတာမဟုတ်တော့ သီးတယ္မသီးဘူး သူမသိတော့။ ပိတောက်ပင်ကဝော့ သူ့အခန်းပြတင်းပေါက်နဲ့ တော်တော်နီးနီးမှာရှိတယ်။ နီးတာမွ သူ့အခန်းထဲကို နေရောင်မဝင်အောင် ပိတောက်ခတ်တွေက ကာလို့။

သူပက်လက်လှန်အိပ်နေရာကနေ ခေါင်းအုံးကိုကျော်အောင်မော့လိုက်တယ်။ ပိတောက်ပန်းနံ့က အခန်းထဲထိတော့ မေရာက္လာပါဘူး။ ဟုတ်တယ် ဒီကပိတောက်ပန်းတွေက အပွင့်က ပိုကြီးပေမယ့် အနံ့ကတော့ သိပ္မရွိဘူး။ ပြီးတော့ ဒီအခန်းထဲမှာ ပြောရခက်တဲ့ ညှီစို့စို့အနံ့တစ်ခုရှိတယ်။ အက်ဒီလွှင့်ပစ်ထားတဲ့ သုံးပြီးသားကွန်ဒုံးကအနံ့ဖြစ်မယ်။

ပက်လက်လှန်အိပ်နေရာကနေ ဆေးလိပ်တစ်လိပ်ကိုယူပြီး မီးညှိလိုက်တယ်။ သူအရင်က ဆေးလိပ်မသောက်တတ်ပေမယ့် ဒီရောက်မှ အက်ဒီနဲ့ပေါင်းပြီး ဆေးလိပ်သောက်တတ်လာတယ်။ ဒီမွာက ဆေးလိပ်ကဈေးကြီးတယ်။ ဒီက တစ်ဘူးဈေးက မြန်မာမှာဆို နှစ်ဘူးသုံးဘူးရတယ်။ ပြီးတော့ နေရာတကာ ဆေးလိပ်သောက်လို့မရဘူး။ သူ့အိပ်ခန်းထဲလဲမရဘူး။ ဒါပေမယ့် သူနဲ့ အက္ဒီကေတာ့ ခိုးသောက်ကြတာပါပဲ။ မီးခိုးအချက်ပေး ကိရိယာကို တိပ်နဲ့ ကပ်ထားပြီးတော့ပေါ့။ ဘေးအိမ်တွေက သိရင်တော့ အတိုင်ခံရပြီး ဒဏ်ရိုက်ခံရနိုင်ပေမယ့် သူတို့အိမ်သူကြီး တရုတ်ကောင်ကတော့ ဂရုမစိုက်ပါဘူး။ သူကိုယ်တိုင်လဲ အခန်းထဲမှာ ခိုးသောက်မယ့်ရုပ်ပဲ။ ဒီတစ္ခုက မြန်မာအိမ်မှာ မငွားပဲ လူမျိုးခြားအိမ်သူကြီးရှာခဲ့တဲ့သူတို့အတွက်အားသာချက်လို့ပြောရမယ်။ သိပ္မစပ္စုဘူး။ ပစိပစပ္မမ်ားဘူး။ အခန်းခတော့ဈေးကြီးတယ်။

မင်းရှိတဲ့မြို့ ( 1.3521° N, 103.8198° E)Where stories live. Discover now