တကယ်တမ်းတော့ သူတို့သုံးယောက်ဆုံတာ ဒါပထမဆုံးအကြိမ်မှ မဟုတ်တာ။ First semester break တုန်းက သူတို့ မြန်မာပြန်ကြတော့ အက်ဒီက မန္တလေးလိုက်လည်ဖူးတယ်။ အဲ့ဒီတုန်းက ဆုထက်လင်းက ဆေးကျောင်းစာမေးပွဲရှိလို့ဆိုပြီး အချိန်မပေးနိုင်တော့ အဲ့ဒီသုံးရက်မှာ သူပဲ အက်ဒီ့ကို ဆိုင်ကယ်နောက်မှာတင်ပြီး တမြို့လုံးပတ်ပို့ရတာပဲ။ ဒါပေမယ့် အဲ့ဒီတုန်းက အခြေအနေက အခုလိုမဟုတ်ဘူး။ အဲ့ဒီတုန်းက သူနဲ့ အက်ဒီနဲ့ အိပ်ပြီးပြီဆိုပေမယ့် နောက်တစ်ခါထပ်အိပ်ဖို့ နှစ်ယောက်လုံးစိတ်ကူးမရှိဘူး။ အဲ့ဒီကိစ္စကိုမေ့နေသလို မဖြစ်ခဲ့သလိုထားလိုက်ပြီး သူတို့နှစ်ယောက်က ကျောင်းအတူတက် တစ်ခန်းထဲအတူနေတဲ့ ယောကျာ်းလေးနှစ်ယောက်လိုပုံစံထက်မပိုဘူး။ ဆုထက်လင်းက သူတို့ နှစ်ယောက်ပေါင်းပြီး ကောင်မလေးတွေ သွားငမ်းမှာကို စိတ်ပူနေခဲ့ရင် ရယ်မောပြီးစနေနိုင်ခဲ့သေးတာ။ မန္တလေးတောင် အဆင်းမှာ အက်ဒီက သူ့ခါးကို ခပ်တင်းတင်းဖက်လာခဲ့တာတွေ ရှိခဲ့ပေမယ့် ဒါက တောင်အဆင်းလမ်းကြောင့်ပဲလို့ လိမ်ညာနေခဲ့နိုင်သေးတဲ့အခြေအနေမျိုး။
အဲ့ဒီ semester break ပြီးလို့ ပြန်လာတဲ့အခါ အခြေအနေက ပိုကောင်းလာခဲ့တယ်။ အက်ဒီနဲ့ သူပိုပြီး ပြောရဆိုရကောင်းလာတယ်ထင်လာခဲ့တာ။ သူတို့နှစ်ယောက်ထပ်အိပ်ဖြစ်တဲ့အထိ အခြေအနေတွေ ခံစားချက်တွေက အကောင်းလွန်သွားခဲ့တာဖြစ်နေတယ်။ ဒီတခါတော့ နှစ်ယောက်လုံး နည်းနည်းလေးမှ မူးမနေခဲ့ဘူး။ အစပိုင်းမှာ သူက ငြင်းဆန်တယ်။ အက်ဒီကလဲ ရှေ့ဆက်တိုးပြီးရင် ပြန်လှည့်ဖို့ခက်မယ်ဆိုတာသိနေတော့ နည်းနည်း တွန့်ဆုတ်နေတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေက ခွေးစားခံလိုက်ရတာပဲ။
ဟုတ်တယ် ရမ္မက်ပဲ။
အက်ဒီနဲ့ သူနဲ့ကြားက ဆက်နွယ်မှုဟာ ရမ္မက်ပဲလို့ သူကခေါင်းစဉ်တပ်လိုက်ချင်တယ်။ ဒါက အရမ်းလွယ်ကူတယ်လေ။ အရမ်းလဲ ရိုးစင်းတယ်။ ရမ္မက်ကြောင့်သူတို့နှစ်ယောက် မလုပ်သင့်တာ လုပ်မိတယ်။ မကျူးလွန်သင့်တာ ကျူးလွန်တယ်ဆိုရင် ပြီးသွားပြီ။ တခြားဖြေရှင်းချက် နက်နက်နဲနဲတွေ ထပ်ပေးနေစရာမလိုတော့ဘူး။
YOU ARE READING
မင်းရှိတဲ့မြို့ ( 1.3521° N, 103.8198° E)
Romanceအချစ်မရှိတဲ့မြို့မှာ ပိတ်လှောင် ကျန်ရစ်ခဲ့တဲ့လူတစ်ယောက်ရယ် အချစ်ရှိတဲ့မြို့ရဲ့ အဝေးကိုလွင့်ထွက်သွားတဲ့ လူတစ်ယောက်ရယ် အမှတ်တရများစွာပြန့်ကျဲနေတဲ့ မြို့တစ်မြို့က မင်းရယ် ငါရယ် . . . . .။