6. NS26 (uni)

890 126 6
                                    

ဒီမြို့က ရဲစခန်းတွေက တခြားဘဏ်တွေ၊ ရုံးတွေလိုပဲ အဝင်ဝမှာ မှန်တွေကာထားတယ်။ ဒီအတွက် အထဲမှာရှိနေတဲ့သူတွေကိုအပြင်ကနေကြည့်မယ်ဆိုရင်ကောင်းကောင်းမြင်ရတယ်။

အက်ဒီက ရဲတွေရဲ့ ကောင်တာရှေ့မှာ ခေါင်းငိုက်စိုက်နဲ့ထိုင်နေတယ်။ ရဲတွေပုံစံက နောက်ထပ်မူးရူးပြီးသောင်းကျန်းတဲ့ကျောင်းသားတစ်ယောက်ကို ထိန်းသိမ်းလာရပြန်ပြီဆိုတာထက်မပိုဘူး။ ဒါပေမယ့် အက်ဒီက မူးမနေဘူး။ ဒီ့အတွက် သူ့ပြစ်ဒဏ်ကလျော့နိုင်တယ်။ လမ်းဘေးက ပစ္စည်းတွေကို ကန်ကျောက်ဖျက်စီးတာ၊ အများနဲ့ဆိုင်တဲ့နေရာမှာ အော်ဟစ်ဆဲဆိုတာ အဲ့ဒါတွေအတွက်တော့ ရှင်းရဖွယ်ရှိတယ်။ ဒါပေမယ့်လည်း အဲ့ဒါတွေအတွက် ပြစ်ဒဏ်က ဘယ်လောက်ဖြစ်နိုင်တယ်ဆိုတာ သူက ဥပဒေကျောင်းသားမဟုတ်တော့ မသိဘူး။

အက်ဒီ့အမေ၊ ရှေ့နေနဲ့ ကျောင်းကတာဝန်ရှိသူက ရဲတွေနဲ့စကားပြောနေကြတယ်။ စခန်းထဲက ရဲတစ်ယောက်က စခန်းအပြင်ဘက်ကနေရပ်ကြည့်နေတဲ့သူ့ကိုသတိထားမိပြီး တစ်ချက်တလေ လှမ်းကြည့်တာကလွဲဪင် သူ့ကို ဘယ်သူမှအဖက်မလုပ်ဘူး။

သူစိတ်ရှုပ်ရှုပ်နဲ့ ရဲစခန်းအရှေ့နားက အုတ်ခုံမှာ ထိုင်နေမိတယ်။ တကယ်က ညဉ့်နက်နေပြီ။ ‌နည်းနည်းလဲအေးလာပြီ။ မိုးကလဲရွာမယ့်ပုံနဲ့ တချက်တချက်ခြိမ်းနေသေးတယ်။

အက်ဒီ အဆင်ပြေပါ့မလား သူမသေချာဘူး။ ဒီမြို့က စည်းကမ်းမလိုက်နာရင်မောင်းထုတ်တာ နာမည်ကြီးတယ်။ အက်ဒီ့ကို ဘာမှကြီးကြီးမားမားပြစ်မှုမဖြစ်ပဲ ပြီးသွားစေချင်တယ်။ အက်ဒီ့အမေရော၊ ရှေ့နေရော၊ ကျောင်းက တာဝန်ရှိသူတွေရောရှိတာမို့ အဆင်ပြေမှာပါလို့တွေးနေရပေမယ့် သူစိတ်မအေးနိုင်ဘူး။ အက်ဒီ့ကိုခေါ်ပြီး သူ့အမေနဲ့ရှေ့နေ ရဲစခန်းကပြန်ထွက်လာတဲ့အထိ ထိုင်စောင့်နေမိသေးတယ်။ သူပြန်လာခဲ့တဲ့အချိန်က သန်းခေါင်ကို တော်တော်ကျော်နေပြီ။

အက်ဒီဟာ အရူးလိုပဲ။ သူ့အမေနဲ့ ဆုထက်လင်းရှေ့မှာ ဒီလိုတွေမလုပ်သင့်ဘူး။ သူ့အမေနဲ့ ဆုထက်လင်းကို ဖွင့်ပြောပြီး သေချာရှင်းပြရင်တောင် တဖက်က နားလည်လက်ခံပေးဖို့ မဖြစ်နိုင်တဲ့ ဒီကိစ္စကို သူက အခုလိုနည်းနဲ့ ဖွင့်ချပစ်လိုက်တယ်။ အခုတော့ ဘာမှ ဖုံးကွယ်မရတော့ဘူး။ ထိခိုက်မှုတွေက ဖြစ်ခဲ့ပြီဆိုတော့ နောက်ပြန်လှည့်ပြီး ပြင်ဖို့မဖြစ်နိုင်တော့ဘူး။

မင်းရှိတဲ့မြို့ ( 1.3521° N, 103.8198° E)Where stories live. Discover now