ပြောပြောဆိုဆိုနဲ့ပဲ သော့်လက်ကို ဆွဲကာ မသရဖူကို ကျော်ပြီး အဆောင်ထဲဝင်ခဲ့လိုက်သည်။ တကယ် တကယ် ကိုသက် မုန်းမယ်ဆိုရင်လည်း မုန်းချင်စရာ ဒီအမ။ တစ်စက်ကလေးမှ အိန္ဒြေမရှိပဲ၊ အမြင်ကတ်ချင်စရာ။
ဒီလို မိန်ကလေးကိုတော့ အကိုကြီးနဲ့ လုံးဝကို သဘောမတူနိုင်ပါ။ ကိုသက်ကိုလည်း အဲ့လိုပဲပေမယ့် မသရဖူကိုတော့ ကိုသက်ထက်ပိုလို့ အမြင်ကတ်သည်။
"ထိုင်ဦး သော်။"
အခန်းထဲရောက်တော့ သော့်ကို ထိုင်စေပြီး အင်္ကျီလဲဖို့ လုပ်မိသည်။ စတစ်အင်္ကျီကို အမြန်ပဲ ကြယ်သီးဖြုတ်လိုက်ပြီး အလွယ်ရှိသည့် တန်းပေါ်က စပန့် ခေါင်းလျှိုတစ်ထည်ကို ယူဝတ်လိုက်သည်။
ပုဆိုးကတော့ မလဲဖြစ်သေး။ ဒီလောက်နဲ့တင် သူ့ခန္ဓကိုယ်က သက်တောင့်သက်သာ ဖြစ်နေပြီမို့ သော့်စိတ်ကိုလည်း သက်တောင့်သက်သာ ဖြစ်စေလိုက်သည်။
"သော်။ ကိုယ်တို့ ဘာလုပ်ကြမလဲ။ "
"အကို့သဘောလေ။ ကျွန်တော်ကတော့ အကိုစေစားရာ ကပြရမှာပဲ။"
"ဟွန်း...."
သော့်အဖြေကို အဝန်းမှာ တစ်ချက်ရယ်လိုက်ပြီးနောက်တွင် စာကြည့်စားပွဲက စာအုပ်နဲ့ဘောပင်ကို ယူခဲ့လိုက်သည်။
"သြကာသကန်တော့ချိုးကို ရေးပြမလား သော်..."
"လုပ်ပြီ အကိုရာ။ အကို့သော်က ၁၀တန်းအထိ ကိုရင်ဝတ်နဲ့ နေလာခဲ့တဲ့သူနော်။"
"ကိုယ် သိပါတယ် သော်ရ။ ဒါဆို သော်ကိုမေးမယ်"
"မဖြေချင်လို့ မရဘူးလား..."
"ကိုယ် ပျင်းနေလို့ပါ။"
တကယ့်ကို သူသိ၊သူတတ်မလုပ်ရရင် ပျင်းတတ်တဲ့ ကျွန်တော့်အကိုရယ်ကြောင့် ကျွန်တော်လည်း သူပျော်စေဖို့ အရေး ခေါင်းငြိမ့်ပြလိုက်ရသည်။
"အဝန်းရေ ငါလည်း လာပြီဟေ့..."
အဆောင်အပြင်က အသံကြောင့် အကို့မျက်နှာက ဝင်းလက်သွားပြီး ချက်ချင်းပဲ အခန်းပြင်ထွက်သွားကာ...
"လာဗျာ။ ပျင်းနေတာဗျ။ ခင်ဗျားတို့ကို ပြန်မလာလောက်ဘူးထင်နေတာ။"
အပိုင်း (၂၅)
Start from the beginning