Whatever You Are (9)

Start from the beginning
                                    

"ဟေ့ရိပေါ် ငါ မင်းကို သိထားသင့်တာလေး ပြောပြမလို့  ကျန့်ကျန့် နဲ့ ပတ်သက်တာ မင်းသိချင်လား မသိချင်ရင်တော့ မပြောပြဘူး သိလည်း အရေးမကြီးဘူး မသိလည်း ဘာမှတော့ မဖြစ်ပါဘူး"

"ဟာ ဟောက်ရွှမ်း အဲလိုတော့ မလုပ်နဲ့လေ  ငါ့ရဲ့ အချစ် ရှောင်းကျန့် နဲ့ ပတ်သက်ရင် အသေးအမွှားက အစ သိချင်တယ်"

"အေး ပြီးမှ ပြဿနာမရှာနဲ့နော်"

"ကျန့်ကျန့် ကလေ High Schoolတုန်းကရော တက္ကသိုလ် တက်တုန်းကရော ကောင်မလေးတွေနဲ့ချည်းပဲ တွဲလာတာတဲ့ဟေ့  သူငယ်ချင်းမဟုတ်ဘူးနော် Girlfriend Girlfriend. (၃)လလောက်တွဲလိုက် ပြတ်လိုက်နဲ့တဲ့ ဘယ်ယောက်ျားလေးနဲ့မှ တော့ မတွဲဖူးဘူးတဲ့ နာမည်ကြီး Lesbian Playgirl ဆိုပဲ"

"ဘာ မင်းကို ဘယ်သူပြောတာလည်း"

"ငါ့ ညီမ ဝမ်းကွဲ ဖေးဖေးက ကျန့်ကျန့်ရဲ့ EX တဲ့ ဟိုတစ်နေ့ က သူ က မင်းနဲ့ ကျန့်ကျန့် လက်ချင်းတွဲပြီး ရုပ်ရှင်ရုံထဲ မိုးမမြင်လေမမြင် ဝင်လာတာ တွေ့လိုက်လို့ ထိုင်တော့လည်း နောက်ဆုံးက အတွဲခုံဆိုတော့ ငါ့လာမေးတာ ဖေးဖေး အတွက်က ကျန့်ကျန့်က အချစ်ဦးမို့တဲ့ မင်းနဲ့တွဲတာ မြင်တော့ သူမရတာတောင် နောက်ဆုံး တခြားကောင်မလေး ရသွားတာမဟုတ်လို့ ဖြေသာသေးတယ် လို့ ပြောပြီး ကျန့်ကျန့် အကြောင်းတွေ ပြောသွားတာပဲ"

ဟောက်ရွှမ်းရဲ့ စကားအဆုံး ရိပေါ် ဝမ်းနည်းလာပါတယ်

" ကောင်မလေး ဘယ်နှစ်ယောက်တောင် တွဲခဲ့တာတဲ့လည်း "

"မသိဘူး များတော့ များတယ် ပြောတာပဲ ချည်းကပ်လာတဲ့ ကောင်လေးတွေ အားလုံးကို ငြင်းနေတာနဲ့ Lesbian လေးတစ်ယောက်က သတိထားမိပြီး ချည်းကပ်တော့ (၃)လတွဲကြည့်မယ်လေ ရင်ခုန်ရင် ဆက်တွဲမယ် တကယ်ရင်မခုန်ရင်တော့ ပြတ်စဲကြမယ် ဆိုပြီးတွဲတာတဲ့ သူ့ဘက်က စလိုက်တဲ့ ကောင်မလေး မရှိပေမယ့် လာချည်းကပ်တဲ့  ချောချောလှလှလေးဆိုရင် မမဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ် ရွယ်တူဖြစ်ဖြစ်  ၃လ တစ်ယောက်နှုန်း နဲ့ အကုန်တွဲတာတဲ့ High School တစ်နှစ် ၊ တက္ကသိုလ် (၃) နှုန်းနဲ့ တွဲရင် အနည်းဆုံး အယောက် ၂၀နီးပါးလောက်တော့ ရှိမှာပဲ တွဲတိုင်းလည်း ပျော်ပျော်ရွှင်ရွှင် သွားသွားလာလာ ပေါ်တင် Date တာကြီးပဲတဲ့ ၃လပြည့်ရင် ပြုံးပြုံးလေးနဲ့ ပြတ်စဲခဲ့တာချည်းပဲတဲ့ တက္ကသိုလ်နောက်ဆုံးနှစ်မှ တွဲရတာ ပျင်းနေပြီမို့ အေးအေးဆေးဆေး နေပါရစေဆိုပြီး အားလုံးကို ငြင်းလွှတ်တာတဲ့ မိန်းကလေးတွေနဲ့ မတွဲတာမြင်တော့ ပုံမှန်ပြန်ဖြစ်သွားပြီဆိုတော့ ကောင်လေးတွေ ချည်းကပ်လာတော့လည်း အကပ်မခံ ဘူးတဲ့ဟ... မင်းအစားငါ ရင်လေးတယ် သူ့ကုမ္ပဏီမှာ ကောင်မလေးချောချောလေးတွေ အများကြီး မင်းက မိန်းကလေးချင်း စိတ်ချနေ မင်းရဲ့ ကျန့်ကျန့် ဘယ်အချိန် ဘယ်ကောင်မလေး နောက်ပါသွားမလဲ မသိဘူးနော် ငါကြားဖူးတာ Lesbian တွေက နောက်ဆုံးတော့ မိန်းကလေးကိုပဲ ရွေးချယ်မှာတဲ့"

Whatever You AreWhere stories live. Discover now