" မင်းရဲ့ ကာမစိတ်ဆန္ဒကို မထိန်းချုပ်နိုင်ရင် ဒီနေရာကို လာကို မလာသင့်ဘူး .. မင်းအဆင့်က သာမန်စစ်သားတစ်ယောက်ထက်တောင် နိမ့်ကျသေးတယ် .." ရိုဟန် ၏ စကားများသည် ဓားတစ်ချောင်းအလား ဟီရုန်၏ အတွင်းစိတ်ကို ထိုးနှက်နေခဲ့သည် ။ သူက ဒီလို အပြောခံရတာထက် စာလျှင် ဓားနဲ့ အထိုးခံဖို့သာ ဆန္ဒရှိလေသည် ။
ရိုဟန်က လော့အား Liam ထံသို့ လွဲပေးရန် ပြင်လိုက်သည် ။ သို့သော် Liam ၏ ဆက်သွယ်ရေးကိရိယာမှ အသံမြည်လာသဖြင့် အကောင်အထည် မပေါ်သွားခဲ့ပေ ။ သူက မတက်နိုင်စွာ ဟီရုန်အား တစ်ချက်ကန်လိုက်ပြီး " မင်းကြောင့် ငါ့အချိန်တွေ ကုန်သွားပြီ .. နောက်တစ်ခါ ငါ့လမ်းကို မပိတ်စေနဲ့ .."
" သူ့ကို ထိန်းသိမ်းရေး အခန်းကို ပို့လိုက် .. ဒီကောင်လေး သတိရလာမှ သူ့ဘာသာ ရှင်းလိမ့်မယ် .." ရောက်လာသည့် အစောင့်အား အမိန့်ပေးလိုက်ပြီး လော့အား သယ်ဆောင်ကာ သူလာခဲ့သည့် လမ်းအတိုင်း ပြန်သွားလိုက်ရသည် ။ သူက အသက်ရှုသံ တိုးတိုးလေးသာ ထွက်နေပြီး အိပ်မောကျနေသည့် လော့အား တစ်ချက် ငုံ့ကြည့်လိုက်ကာ " Liam .. က ငါ့ဆီ ဒီ အရှုပ်ထုပ်ကို ထားသွားတာဘဲ .. ဟူးး "
**
" Sir .. မြူဂြိုလ် က နေရာတွေက ဆက်တိုက် ပေါက်ကွဲနေတယ် .. ကျွန်တော်တို့က ဝင်လို့ မရဘူး .." အရာရှိတစ်ယောက်က မြင်ကွင်းကို ချဲ့ရင်း အဖြစ်အပျက်များကို စတင်ရှင်းပြတော့သည် ။ သူတို့သည် နောက်မှ ဝင်လာသည့် တပ်ကူများကြောင့် တိုက်ပွဲကို စောစော အနိုင်ရခဲ့ပြီး မြူဂြိုလ်မှ  ဂြိုလ်သားများအား ထွက်ပြေးရန် ဖိအားပေးနိုင်ခဲ့သော်လည်း အခြေအနေအား လျော့တွက်မိခဲ့ကြသည် ။ တဖက်က အဖိအားပေးခံရလွန်းသွားကာ ကိုယ်ပိုင် ယာဉ်များဖြင့် ထွက်ပြေးကုန်ကြပြီး သူတို့အား ဘာမှမရစေရန် အကုန်ဖျက်ဆီးထားခဲ့ကြသည် ။
" တောက်!!! ဂြိုလ်တစ်ခုလုံးက သက်ရှိတွေ အကုန် ထွက်သွားနိုင်မှာ မဟုတ်ဘူး ... ဒါကိုတောင် ဖျက်ဆီးထားခဲ့သေးတယ် .." Liam က ဒေါသထွက်သွားကာ ခုံအား အားဖြင့် ထုလိုက်သည် ။ " ဆက်မပေါက်ကွဲအောင် ထိန်းရမယ့်အပြင် .. ကယ်ဆယ်ရေး မစ်ရှင် ပါ လိုအပ်တယ် .. "