ဒုဥက္ကဌကျန်း သည် ကျားရှန်း သို့ ၃နှစ်နီးပါးက ရောက်လာခဲ့သူဖြစ်ပြီး သူတို့နှစ်ဦး ဒီမျှငြိမ်းချမ်းစွာစကားပြောဆိုခြင်းကို ယခု ပထမဆုံးအကြိမ်တွေ့လိုက်ခြင်းဖြစ်သည်။

ဒါ ကျားရှန်းရဲ့ အံ့ဖွယ်ရာဖြစ်ချေပြီ။

ဒါနဲ့သူတို့ နှစ်ယောက်က ဖုန်းကို ထုတ်ပြီး သူတို့ အဖွဲ့ငယ်လေးသို့ မက်ဆေ့ခ်ျ ပို့လိုက်သည်။

A: မြန်မြန်၊မြန်မြန်။ သတင်းထူး!!

B: ဟုတ်တယ်၊အရမ်းကြီးတဲ့အဖြစ်အပျက်တစ်ခုရှိခဲ့တယ်..

Aနဲ့B နှစ်ယောက်ရဲ့ သတင်းကို ထွက်လာပြီး စက္ကန့်အနည်းငယ်အကြာမှာတော့ အဖွဲ့ထဲက အခြားလူနှစ်ယောက်လည်း ထွက်လာခဲ့တယ်။

C&D: ဘာဖြစ်နေတာလဲ။

A- ဓါတ်လှေကားထဲမှာ မစ်စတာရှန်းနဲ့ဒုဥက္ကဌ ကျန်း တို့နဲ့တွေ့ဆုံခဲ့ပါတယ်။

C: နေ့တိုင်းဆုံကြတာမဟုတ်ဘူးလား? ဘာများအံ့ဩစရာပါလို့လဲ?

B: မတူဘူး။ ဥက္ကဌရှန်း နှင့် ဒုဥက္ကဌ ကျန်း တို့ တနေရာရာကို အတူတူသွားနေကြပုံရပြီး ဥက္ကဌရှန်း ကလည်း ဒုဥက္ကဌကျန်း ကို သူ့ကားကို စီးခွင့်ပြုတာပဲ ညီမလေးတို့။

C&D:!! တကယ်လား? အတုအယောင်လား? မစ်စတာရှန်း က သူ့ကားထဲမှာ တခြားသူတွေကို ဘယ်တုန်းကမှ မခေါ်ခဲ့ဘူးမလား?

A: ဟုတ်ပါတယ်၊အဲဒါကြောင့် သတင်းထူးလို့ ပြောတာ။

Ding : အနံ့က နည်းနည်းကွဲပြားတယ်နော်..

A: ဟေ့ကောင်၊အနံ့မတူတဲ့ အရာတွေရှိတယ်။ ကုမ္ပဏီမှာ မင်းဘယ်နှစ်ခါ အနံ့ခံပြီးပြီလဲ၊တစ်ခုမှ မမှန်ဘူးနော်..။

B&C: ဒါအမှန်ပါပဲ။

A - ငါတို့ ဒုဥက္ကဌကျန်း က ခရီးသည်ထိုင်ခုံမှာထိုင်မှာလား? နောက်မှာ ထိုင်မှာလားဆိုတာ စောင့်ကြည့်ဖို့ ဥက္ကဌရှန်းအနောက်ကို ခဏလောက် တိတ်တဆိတ် လိုက်နေကြပါတယ်..

တခါတရံ စိတ်ပူလေ ပိုဆိုးလေဖြစ်သည်။

ဒီနေ့ ဒီဓာတ်လှေကား ဘာဖြစ်နေတာလဲ မသိဘူး။ ၂၃ထပ်ကနေ ဆင်းလာကာ ၇ ကြိမ်၊၈ ကြိမ်ရပ်တန့်သည်။

ကျန်းချာ သည် သွားတင်းတင်းကြိတ်ထားခဲ့ကာ ဓာတ်လှေကားက ပထမထပ်က ကားပါကင်ကို ရောက်လာခဲ့သည်။

"သွားကြရအောင်။" ရှန်းရန် သည် ဓာတ်လှေကားတံခါးကို တစ်ဖက်မှပိတ်ရန် လက်ကိုမြှောက်လိုက်ပြီး ကျန်းချာ ကို အရင်ထွက်သွားစေခဲ့သည်။

ကျန်းချာ ဒေါက်မြင့်ဖိနပ်ဖြင့် ဓာတ်လှေကားတံခါးမှ ထွက်လာခဲ့သည်။

ကားပါကင်က နည်းနည်းအေးသည်။ ကျန်းချာ ဒီနေ့ ပါးပါးလေး ဝတ်ထားသောကြောင့် တခဏ တုန်တက်သွားလေသည်။

ရှန်းရန် မှ "ဒုဥက္ကဌ ကျန်း"

"ဟင်?" ကျန်းချာ လှည့်ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ?"

ရှန်းရန် က သူ့အင်္ကျီကို ချွတ်၍ ကျန်းချာ ပေါ် တင် ပေးလိုက်သည်။ "အအေးမမိစေနဲ့"

ကျန်းချာ အံ့အားသင့်သွားစဥ် ရှန်းရန် က သူမရှေ့ မှ ဖြတ်ကျော်သွားသည်။

ကျန်းချာ က သူ့အဝတ်အစားတွေကို ဆွဲ၍ အနောက်ကလိုက်လာခဲ့သည်။

ပြန်လည်မွေးဖွားပြီးနောက် ငါ့ကလေး ကို ပြုစုပျိုးထောင်ဖို့ပဲ ဂရုစိုက်ချင်တော့တယ်။Where stories live. Discover now