Whatever You Are (8)

Start from the beginning
                                    

ရိပေါ်တို့ အလှည့်ရောက်တော့ အားလုံးက စိတ်၀င်တစား စောင့်ကြည့်ကြပါတယ် ကျောင်းပေါင်းစုံStreet Dance ပြိုင်ပွဲဆိုတာကို ဘဲလေးအက ဝတ်စုံတွေနဲ့ ကပြမှာဆိုတော့ အားလုံးက Theme လွဲနေတယ်ပဲ ထင်တာ ဖြူဖြူချောချော မိန်းကလေးတွေမို့ ဘာပဲကက ကြည့်ရတာ တန်ပါတယ်ဆိုပြီး တီးတိုးပြောနေတာတွေလည်း ကြားရတယ်

တီးလုံးသံ ကြားရတဲ့အခါ အားလုံးက အံ့အားသင့်ကုန်ကြပါတယ် ကကွက်တွေက ဘဲလေးအက street dance ကို ရောပြီး ဖန်တီးထားတာမို့ပါ ဘဲလေးအက စစ်စစ်လည်း မဟုတ် Street Dance သီးသန့်လည်း မဟုတ်ဆိုတော့ ကြည့်ရတာ ဆန်းသစ်နေတာပေါ့ ဖန်တီးမှုကို အားလုံးက အံ့ဩသဘောကျနေကြပါတယ် ရုတ်တရက် သံစဉ်က နှေးသွားပြီး မီးခိုးလုံးတွေ စင်ပေါ်မှာ ဝေ့လာသလို စလိုက်မီးအရောင်က အမှိန်ဘက် သန်းသွားပါတယ် စက္ကန့် ၂၀တောင် မကြာပါဘူး နွဲနွဲ့နှောင်းနှောင်း မိတ်ကပ်ဆံထုံးတွေနဲ့ ကောင်မလေးချောချော ၅ယောက် မဟုတ်တော့ဘဲ မားမားမတ်မတ် စမတ်ကျကျ Hair Style ခပ်လန်းလန်း ဘောဒီတောင့်တောင့် နဲ့ Bared Face အတိုင်း ယောက်ျားလေး ၅ယောက် ပြန်ထွက်လာတာမို့ အားလုံးက အံ့အားသင့်ကုန်ပါတယ် မကခင်ကလည်း Bright Star Private High School မှ Dancer 5 ယောက်က ယှဉ်ပြိုင်ကပြတင်ဆက်မှာ ဖြစ်ပါတယ်လို့ ကြေငြာထားတော့ အားလုံးက တစ်မျိုးဖြစ်သွားတယ် ကာထားတဲ့နောက်ကွယ်မှာ ကောင်မလေး ၅ယောက်ရှိနေမှာ ဖြစ်ပြီး နဂိုအဆင်သင့် စောင့်နေတဲ့ ကောင်လေး ၅ယောက်ထွက်လာတာနေမှာလို့ တီးတိုးမှတ်ချက် ပေးကြပါတယ်

စောစောက ကကွက်တွေအရရယ် ကိုယ်ခန္ဓာတည်ဆောက်ပုံအရ သေချာပေါက်မိန်းကလေးမို့ အမှတ်ပေးဒိုင်တွေ တောင် ဇဝေဇဝါနဲ့မို့ ရှောင်းကျန့် ရီချင်မိပါတယ် သူတို့က အနီးကပ်သေချာမြင်ရတာမို့ ဘဲလေး၀တ်စုံ ဂါဝန်အောက်က ပြားချပ်ချပ်လေးဆိုတာ သေသေချာချာတွေ့ထားတာမို့ အခုလည်း ယောက်ျားလေးဆိုတာ ရင်ဘတ်ပြားကပ်ကပ်မို့ သေချာနေတာဆိုတော့လေ ရှောင်းကျန့်အစွမ်း အံ့မခန်းလေ

ယောက်ျားလေးပုံစံက ကတဲ့တီးလုံး ကကွက်တွေကလည်း အရမ်းမြူးကြွဆန်းသစ်တာ သံစဉ်ကအစ သေသေချာချာ ဖန်တီးထားတာမို့ အားလုံးက သဘောကျ ကြပါတယ်

Whatever You AreWhere stories live. Discover now