[ လမ်းကြောင်းကို ပြန်လည်တွက်ချက်နေပါသည် ..]
[ ချိန်သားကိုက် လှုပ်ရှားမှု စတင်ပါပြီ .. ]
" တိုက်ခိုက်!! "
[ အမိန့်ကို လက်ခံရရှိပါပြီ... ပစ်ခတ်မှု စတင်ပါပြီ ] 
Liam ၏ အမိန့်ပေးသံ ဆုံးသည်နဲ့ ယာဉ်ပျံမှ အသေးစားတိုက်ခိုက်ရေး ယာဉ်များ ခွဲထွက်သွားကာ တဖက်မှ ယာဉ်များကို တိုက်ခိုက်တော့သည် ။ အာကာသထဲတွင် ‌အမြောက်များသည် ကျည်ဆန်မိုးများအလား နေရာလွတ်မရှိအောင် ပတ်ခတ်နေတော့သည် ။
" တစ်ဖက်က နည်းပညာက တိုက်ပွဲ တစ်ခါပြီးတိုင်း ပိုပို တိုးတက်လာတယ် .. ငါက အချက်အလက်တချို့ မရထားဘူး ဆိုရင် .. ရှုံးသွားမှာ စိုးရိမ်ရတယ်.." လော့ က အခြေအနေကို ကြည့်နေရင်း ပြောလိုက်သည် ။ သူက ပြုံးလိုက်ရင်း " ဒါပေမဲ့ .. အခုတော့ စိုးရိမ်စရာ မလိုတော့ဘူး .."
Liam က လော့အား လှည့်မကြည့်ခဲ့ဘဲ " သူတို့ကို နောက်တစ်ခါ အခွင့်အရေး မပေးတော့တဲ့အတွက် .. ဒီတိုက်ပွဲက မလွယ်ကူဘူး .." သူက ယာဉ်ပျံများကို ထိန်းချုပ်နေသည့် လူများအား ပြန်လည် ညွှန်ကြားလိုက်ပြီးနောက် လော့အား လှည့်ကြည့်လိုက်သည် ။
လော့ သည် ထိုအကြည့်ကို မြင်လိုက်သည့် အချိန်တွင် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ရယ်မောလိုက်သည် ။ " မင်းကို ကွန်မန်ဒါ ခန့်ဖို့ သတ္တိရှိတဲ့ မာရှယ်က ဘယ်လောက် ရူးမိုက်သလဲဆိုတာ .. ငါတွေးလို့ ရနေပြီ .."
" ကောင်းပြီ .. ငါ မင်းကို ကူညီမယ် .." လော့ သည် တက်ကြွသည့် အမှုအရာပေါ်လာကာ သူ့ရဲ့ အဝါဖျော့ရောင် ဆံပင်များကို ဖွာလိုက်ပြီး မျက်လုံးတစ်ဖတ်မှိတ်ပြလိုက်သည် ။ ထိန်းချုပ်ခန်းထဲရှိ လူများက ထိုမြင်ကွင်းကြောင့် ငေးမောသွားမိကြသည် ။
Liam သည် လော့ အား မျက်မှောင်ကြုတ်ကာ ကြည့်ရင်း မျက်နှာသေဖြင့် ပြောလိုက်သည် ။ " တကယ် အနှောက်အယှက်ဘဲ .. မင်းရဲ့ နည်းပညာအဖွဲ့ကိုဘဲ ပြန်သွား.. ဒီမှာ လာမရှုပ်နဲ့ ..."
လော့သည် Liam ၏ အေး‌စက်စက်အသံအား အသားကျနေပြီ ဖြစ်ကာ ဘယ်လိုမှ မခံစားရတော့ပေ ။ သူက ခုံတစ်ခုတွင် ပျင်းတိပျင်းရွဲ့ဝင်ထိုင်လိုက်ပြီး နူတ်ခမ်းစူကာ ပြောလိုက်သည် ။ " ဟိုနှစ်ယောက်ကို မတွေ့ချင်ဘူး .. မင်း ငါ့ကို ရိုက်သတ်ရင်တောင် ငါမသွားဘူး..မသွားဘူး.."