အပိုင်း - ၄၆ (U+Z)

Começar do início
                                    

လင်းကျစ်ရှကတော့ ထိုသို့မဟုတ်။

Netizen တွေက လင်းကျစ်ရှကို အပျင်းပြေ
ပြောစရာအဖြစ် သဘောထားမှာမျိုး သူ
လက်မခံနိုင်။ အထူးသဖြင့် လင်းကျစ်ရှအပေါ်
အထင်သေးနေသူများဆို ပိုဆိုးသည်။

ထိုအတွေးက လော့ချင်ကို စိတ်မအေးဖြစ်စေပြီး
ဒေါသထွက်စေသည်။

သူဖုန်းခေါ်ပြီးသည်နှင့် လီမုန့်က ကုမ္ပဏီမှ
ဌာနကို အမြန်ဆက်သွယ်ကာ ချက်ချင်းပင်
ဖြေရှင်းချက်တစ်ခုပြင်ဆင်တော့၏။

တစ်လမ်းလုံး လင်းကျစ်ရှက လော့ချင်၏
အမူအရာကို အကဲခတ်လျက်။

လော့ချင်မျက်နှာထားကတော့ အေးစက်နေ
ဆဲပင်။

ခါတိုင်း လော့ချင်မျက်နှာက အေးစက်‌နေတတ်
သော်ငြား ယခုအချိန်မှာ နှုတ်ခမ်းကို တင်းတင်း
စေ့ထားပြီး မျက်ဝန်းအစုံက ဓားသွားလိုထက်ရှနေကာ ပုံမှန်ထက်ပိုအေးစက်နေသယောင်။

သို့သော် လော့ချင် လင်းကျစ်ရှကိုကြည့်လိုက်
ချိန်တွင်မူ မျက်ဝန်းများက အလွန်ညင်သာသောလှိုင်းအသွင်ပြောင်းလဲသွားလေ၏။

"ရှောင်ရှ...မစိုးရိမ်ပါနဲ့"

လင်းကျစ်ရှ စိတ်မသက်မသာဖြစ်‌နေတာတွေ
ရုတ်တရက်လွင့်ပြယ်သွားသလို ခံစားလိုက်
ရသည်။

မောလ်နှင့်အိမ်က နီးနီးလေးဖြစ်၍ နှစ်ဦးသား
အိမ်သို့အမြန်ပြန်ရောက်လာကြသည်။ ကိစ္စနှင့်
ပတ်သက်ပြီး လီမုန့်ဆီမှဖြေရှင်းချက်လည်း
ပို့လာခဲ့၏။

လော့ချင် လင်းကျစ်ရှနှင့်အတူကြည့်လိုက်သည်။

အတည်ပြုချက်မှာ အလွန်ရိုးရှင်းပြီး နောက်ဆုံး
တစ်ခေါက် ချောင်ရူရွှီနှင့်ထွက်သည့်သတင်းမှာ
ကောလဟာလသက်သက်ဖြစ်ကြောင်း၊
လော့ချင်နှင့်ချောင်ရူရွှီက သာမန်မိတ်ဆွေ
များသာ ဖြစ်ကြောင်း ထိုအချက်နှစ်ချက်ကို
အထူးရှင်းလင်းထား၏။

ဤဖြေရှင်းချက်တွင် လင်းကျစ်ရှအကြောင်းကို
ထည့်သွင်းထားခြင်းမရှိ။

ပထမတစ်ချက်က လင်းကျစ်ရှနှင့်ပတ်သက်ပြီး
အတင်းအဖျင်းတွေထွက်ပေါ်လာဦးမှာကို
လော့ချင် ခွင့်မပြုနိုင်သောကြောင့်။ နောက်
တစ်ချက်မှာ လင်းကျစ်ရှက သူတို့နှစ်ဦး၏
ဆက်ဆံရေးကို လူအများသိအောင် ‌ဖွင့်ဟချင်
ပါ့မလားဆိုတာ လော့ချင်စိုးရိမ်မိသောကြောင့်
ဖြစ်ပေသည်။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Onde histórias criam vida. Descubra agora