"ငယ်ငယ်ကဆိုလဲ စနေကြကို ယောင်းကအခုကျ ယောက်ကျားကို နိုင်လို့ရတယ်ဆိုပီးစွတ်နိုင်ပြနေတာ"
သူ့အပြောကြောင့် နှုတ်ခမ်းလေးလှုပ်ရုံပြုံးလာသည့်ယောင်းနှုတ်ခမ်းထောင့်လေးကို နမ်းမိပြန်သေးသည်။
ဒါနဲ့ဆို မိုးလင်းထဲကနမ်းနေမိတာ အကြိမ်မနဲတော့ဘူးထင်ပါရဲ့။ချစ်တာကိုး...
"သွားတိုက်တံပေး..!"
တချက်လွှတ်အမိန့်သံလေးကြောင့် သွားတိုက်ဆေးအနေတော်ထည့်ကာ ယောင်းရဲ့လက်ထဲအရောက်ထည့်ပေးလိုက်ရသည်။
______________
"ဟင် ဒါဘာပွဲလဲ"
"ယောင်းရဲ့ ၂၅ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုပါတယ်"
ခြံထဲသို့ ည၆နာရီခန့်တွင်မောင်က မျက်လုံးကိုလက်ဖြင့် အုပ်ကာခေါ်လာခဲ့သည်။
မောင့်ရဲ့လက်တွေဖယ်ခွာချိန်မှာတော့ ထယ်ယောင်းဟာ အအံ့ဩကြီးအံဩခဲ့ရသည်။မောင်ဟာ အများကြီးပြင်ဆင်ခဲ့တာတောင် တစ်နေကုန်အသိမပေးခဲ့။
ခြံကျယ်ကြီးထဲတွင် ထယ်ယောင်းရဲ့ ပန်းချီကားပေါင်းများစွာကို ထောက်တိုင်တွေဖြင့် ပန်းချီပြပွဲသဖွယ် ထောင်ထားခဲ့ပီး ပူပေါင်းများစွာနဲ့လဲအလှဆင်ထားသေးသည်။ဒီနှစ်ရဲ့ ပန်းချီကားလေးကိုလဲ မအားတဲ့ကြားက ဆွဲခဲ့ဟန်တူသည်။
အအံဩဆုံးနဲ့ အပျော်ရွှင်ရဆုံးကတော့ Marry Me ဆိုတဲ့ အဖြူရောင် ဗီနိုင်းကြီးပင်။ပေ ၃၀ပတ်လည် ထိုအဖြူရောင်ပိတ်စကြီးနောက်တွင် တစ်ခုခုရှိနေမှာ အသေအချာသိသည်။
သို့သော် မောင်က ရုတ်တရက်ဆိုသလို သူ့ရှေ့တွင် ဒူးထောက်ထိုင်ချလာခဲ့ပီး လက်စွပ်ဘူးလေးကို ထုတ်ပြလာသည်။
မောင့်ရဲ့ ကြည်တောက်တောက်မျက်လုံးလေးတွေဟာ အရောင်ပိုလက်နေပီး သူ့ကိုရူးသွပ်အောင်ပြုစားနေခဲ့တယ်။
"မောင့်ကို လက်ထပ်ပါ။ယောင်းကို တရားဝင်လက်ထပ်ချင်တယ် အတင်းအကျပ်လက်ထပ်စေခဲ့တဲ့အတွက်လဲ တောင်းပန်ပါတယ် အခုမောင်တို့ တရားဝင်လက်ထပ်ရအောင် ယောင်း"
YOU ARE READING
WE CAN'T BE FRIENDS(Complete)
Fanfiction"ငါတို့က သူငယ်ချင်းမဖြစ်နိုင်ဘူး..ဂျောင်ကု" "ဒါဆို ချစ်သူတွေတော့ ဖြစ်လို့ရတယ်ပေါ့.." ⚠️Warning ပေးထားပါတယ်နော်... အဆင်ပြေမှဖတ်စေချင်ပါတယ် ⚠️
Extra(Tae's Birthday)
Start from the beginning