အိမ်တော်တံခါးကိုအဖွင့် ကြားလိုက်ရတဲ့ခပ်တိုးတိုးအသံတေီကြောင့် ရပ်ကာနားစွင့်နေမိတယ်....

"ကိုယ်မင်းကိုချစ်မြတ်နိုးတာလေ"

"ဒါပေမယ့် ကျမတို့ကမဖြစ်နိုင်ပါဘူး သခင်လေး ကျမက ကျွန်မျိုးရိုးပါ"

"ကျွန်မျိုးရိုးဆိုတာနဲ့ ချစ်မြတ်နိုးခွင့်မရှိတော့ဘူးလား"

"ကျမတို့ ထုံးတမ်းအစဥ်အလာတွေကို မမေ့သင့်ဘူး ဒူးနေရာဒူး တော်နေရာတော်ရတယ် သခင်လေးရဲ့"

Li: မင်းတို့ဘာလုပ်နေကြတာလည်း..

အထဲဝင်လာတဲ့ သခင်မလေးကို ပြာပြာငလဲ ဂါရဝပြုပြီး ထွက်ပြေးသွားတဲ့ ဆိုမီ ဟာ တနေ့က မင်အိမ်ရှေ့စံလက်ထဲတွင်သေသွားတဲ့ အဘိုးအိုရဲ့မြေးဖြစ်သူ....

Li: ဘန်း နင်သူ့ကိုချစ်ရေးဆိုလိုက်တာလား

"အင်း"

Li:ရူးနေလား အဆင်အတန်းဘယ်လောက်ကွာလည်းဆိုတာ နင်သိရဲ့လား အမိုက်အမဲရဲ့

"ဒါဆို နင်ကော ကချေသည်ယောင်းကို ချစ်မြတ်နိုးတယ်လို့ဝန်ခံတုန်းက အဲ့အဆင့်အတန်းတွေကိုခေါင်းထဲထည့်ခဲ့လား"

Li:နင်တကယ်အဲ့အချစ်နောက်လိုက်နေမလို့လား နင့်မှာဦးနှောက်မရှိတော့ဘူးလား

"နင်ကကော ကချေသည်ယောင်းနောက်လိုက်ပြီး ဟိုးကငြင်းတော့ အိမ်တော်မှာလာငိုချိန်က ဦးနှောက်ရှိလို့လား"

တယောကိုတယောက်အချေအတင်ပြောကြရာတွင် အနာပေါ်တုတ်ကျသွားတဲ့ သခင်မလေးတယောက်ဒေါသထွက်ရချေပြီ...

Li:ဘန်း!! နင်စကားလွန်မလာနဲ့နော်!!

"ငါကအမှန်တရားကိုပြောနေတာ ငါ့ကိုဖေဖေသခင်ကြီးက မထိမ်းမြားပေးနိုင်ဘူးဆိုရင်တာင် ငါကျွန်လုပ်ပြီးသူနဲ့ဘဝကိုဖြတ်သန်းဖို့အဆင်သင့်ဘဲ မင်းလိုမင်းသမီးလက်အောက်ကမရုန်းနိုင်တဲ့ သူရဲဘောကြောင်အလုပ်မလုပ်ဘူး"

Li:ဘန်း!!!

"နင်တို့မောင်နှမတွေ ဘာဖြစ်နေကြပြန်တာလည်း"

အမတ်ကြီးထွက်ကာလာအော်တဲ့အထိ ရန်ပွဲဟာမငြိမ်းသေး သခင်မလေးဟာ ဘန်းရဲ့လည်ပင်းတဝိုက်က ဝတ်ရုံစတွေကိုစုတ်ချေပြီး...

Last Tear (Season 1)Where stories live. Discover now