[ Zawgyi ]
ထယ်ယောင်း ဟိုပတ်ဒီပတ်လျှောက်သွားရင်း တစ်နာရီလောက်အကြာ၌ မက်မွန်ပင်ကြီးဆီသို့သွားရန်ဆုံးဖြတ်လိုက်တော့သည်
ဟိုမေးဒီမေးနှင့်ခြံဝန်းထဲလမ်းအတော်လျှောက်ပြီးတဲ့အခါမှာတော့ ထယ်ယောင်းမျက်စိရှေ့တင်
ပန်းနှရောင်အပြည့်မြင်ကွင်းအားထင်ရှားစွာမြင်လိုက်ရသည်" လှလိုက်တာ "
ထိုအပင်များရှိသည့်ဘက်အား ထပ်မံပင်ခြံစည်းရိုးဖြင့်ကာထားလေသည်
့ထယ်ယောင်းဝင်ဖို့လုပ်တော့အစောင့်များကတားကြလေသည်
ဘယ်လိုပြောပြောမရပေ
ဂျွန်ဂျောင်ဂုပေးထားသောတံဆိပ်ပြားအားသတိရသွားသောကြောင့်
ထယ်ယောင်းတံဆိပ်ထုတ်လိုက်တော့
တားနေသောအစောင့်များက မြေပြင်ပေါ်သို့ဒူးထောက်ကာခေါင်းများငုံ့လျက်" ကျွန်တော်တို့တောင်းပန်ပါတယ် သခင်လေး "
ထိုအစောင့်များထံမှပြိုင်တူထွက်လာသောတောင်းပန်သံပင်
ရုတ်တရက်ကြီးဖြစ်သွားသည်မလို့ဘာလုပ်ရမှန်းမသိ တံဆိပ်အားကိုင်လျက်ကြောင်စီစီကြီးရပ်နေမိသည်
လူတွေအကုန်ကဝိုင်းဒူးထောက်ထားတော့တစ်မျိုးကြီးပင်
သူပြတာစံအိမ်ထဲကသူတွေဆောင်တဲ့တံဆိပ်တစ်ခုပင်မလား?
အာ ဟုတ်သား ဂျွန်ဂျောင်ဂုပြောထားသလိုတခြားနိုင်ငံကမင်းသားလို့သိသွားတာလားမသိဘူး
" ဟို..ရပါတယ် ထကြပါ အားနာစရာကြီးဗျာ "
ထယ်ယောင်းပြောမှ
" ဟုတ် တောင်းပန်ပါတယ် သခင်လေး "
သခင်လေးဆိုသောအခေါ်အဝေါ်မှာထယ်ယောင်းအတွက်တစ်မျိုးကြီးပင်
တစ်ခါမှလည်းအခေါမခံဖူးပါ" ထယ်ယောင်းလို့ပဲခေါ်ပါ ဟီး "
ထယ်ယောင်းကအားနာသလိုပြုံးပြသော်လည်း
ထိုသူများမှာပိုပင်ထိတ်လန့်သလိုဖြစ်ကုန်ကြသည်ထိုအစောင့်များအတွေးတွင်တော့ ငါတို့ကိုနောက်ဆုံးအနေနှင့်ကောင်းကောင်းဆက်ဆံနေတာများလားဟူသောအတွေးကြီးစိုးမိုးလျက်
YOU ARE READING
Another World
FanfictionWhen 19 years old boy suddenly reached the another world of 1582. BTS x Tae Published Date - 29.9.2021 End Date -