မင်းသမီးပျော်ရင် ယောင်းပျော်သလိုပါဘဲ
အဲ့ဒီရောင့်ရဲမှုလေးတခုနဲ့
အရာအားလုံးကို ခါးခါးသီးသီး လက်ခံပစ်လိုက်ရတယ်...။
ချစ်ခြင်းတရားဆိုတာက အဲ့လိုဘဲ ကန်းတယ်...။

ယောင်း ကသိပ်လိမ္မာတာဘဲတဲ့လား
သခင်မရယ်...ဒီဘဝမဟုတ်ဘူးနော် ဘဝအဆက်ဆက်ဆိုရင်တောင် ယောင်းငြင်းပစ်မှာ..။

ရင်တွေတဒုန်းဒုန်းခုန်လာလိုက်တာ ပြိုလဲကျတော့မတတ်ဘဲ...
ဝမ်းသာလွန်းလို့ ပျော်ရွှင်လွန်းလို့ ဝဲတက်လာတဲ့ ဝမ်းသာမျက်ရည်တွေကြောင့် မျက်နှာလွဲပစ်လိုက်ရတယ်...။
မင်းသမီးကတော့ သူလိုချင်တာကိုရသွားတာကြောင့် စားပွဲပေါ်က မုန့်အချိုတွေကို တူနဲ့ညှပ်ရင်းစားနေတယ်...

အနံ့တခုရလို့ မော့ကြည့်လိုက်တော့ တူလေးနဲ့ညှပ်ပြီး ကမ်းပေးလာတဲ့ မုန့်အချိုအဝိုင်းလေး....

အဝါရောင် မုန့်ဝိုင်းလေးကိုကြည့်ရင်းယောင်းအသက်ရှုတောင်မဝလာတော့.....

Ni: အရင်ဆို ဟိုကလေးအတွက်ချန်ထားပေးနေကျ...ဒီနေ့တော့ တို့ဆီမလာဘူး စိတ်ကောက်နေလို့ထင်ပါရဲ့...အဲ့ဒါကြောင့် မင်းစားလိုက်...

" ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံမင်းသမီး"

ရိုသေစွာယူလိုက်ရင်း ယောင်းလက်တွေတုန်ခိုက်နေဆဲ့ ထိုအချိန်တွင်.....

အိမ်ရှေ့စံက...

မင်းသူ့အချစ်ကို ဒီဘဝမဟုတ်ဘူး နောင်ဘဝ ဘယ်နှဆက်ဆက် ဘယ်တော့မှမရဘူးဆိုတာ မေတ္တာအရှိန်အဟုန်ကြီးမားမှုကိုတိုင်တည်ပြီး ယုံကြည်မှုရှိရှိပြောခဲ့ခြင်းဖြစ်သည်...

အိမ်ရှေ့စံသည် သူ့နှလုံးသား သူ့ချစ်ခြင်းတရား သူ့မေတ္တာတရားကဘဲသိပ်အင်အားကြီးတယ်လို့ထင်နေခဲ့တာ...အပြိုင်အဆိုင် အင်အားကြီးပေးခဲ့တဲ့ ကချေသည်လေးရဲ့ ချစ်ခြင်းမေတ္တာအကြောင်းကိုတော့မသိခဲ့ဘူး....။
.
.
.
.
..............,.."
Li:ဟေး ဘန်း

အိမ်တော်ခြံဝက မြင်းပေါ်ကနေ ခပ်ကျယ်ကျယ်လှမ်းအော်တော့ ဥယဥ်ထဲ ကျမ်းစားဖတ်နေတဲ့ ဘန်းကမော့ကြည့်လာပြီး ဘာလည်းဆိုသည့်သဘောဖြင့် မေးငေါ့ပြတယ်...

Last Tear (Season 1)Where stories live. Discover now