ep-9☔

3.5K 415 54
                                    

"လမ်ခွဲကြရ‌အောင်......jeon"

ကျွန်တော်ဒီစကားကိုထွက်မိလိုက်သည့်အချိန်မှာအရာအားလုံးကျွန်တော်နားမရှိတော့သလို။ဆုံးရှုံးလိုက်ရသလို။ရင်ထဲဓားအချွန်နဲ့ထိုးခံလိုက်ရသလိုဆူးနစ်နေအောင်ခံစားရသည်။

ဆုပ်ကိုင်ထားချင်တာ၊မလွှတ်ပေးချင်ခဲ့တာ၊ဒါပင်မဲ့လည်းကိုယ်ကမင်းဘဝအတွက်ခလုတ်ဖြစ်နေတာမရည်ခဲ့ပဲပေါ့။

အခြားတစ်ယောက်ကိုချစ်လိုက်ပါ။အခြားတစ်ယောက်နဲ့ပျော်လိုက်ပါကိုယ့်အတွက်မပူနဲ့။လှည့်မကြည့်ပါနဲ့ကိုယ်ကတစ်ကောင်ကြွက်ပါ။

အခြားတစ်ယောက်ကိုကိုယ့်ထက်ပိုချစ်ပေးပါ၊ကိုယ့်ထက်ဂရုစိုက်ပေးပါ၊ကိုယ့်ထက်ပိုနမ်းပေးပါ၊ဒါပင်မဲ့ကိုယ့်ကိုလုပ်သလိုသစ္စာမမဲ့လိုက်ပါနဲ့jeon၊

"ဘာ‌ေပြာလိုက်တာလဲ Min"

ကျွန်တော်လက်ကိုကျစ်ကျစ်ပါအောင်ကိုင်ထားရင်းကြောင်အအကြီးဖြစ်နေသည့်jeon။မင်းကိုယ်မင်းအထင်တွေသိပ့်ကြီးထားတာလားကိုယ်ဒီလိုမပြောလောက်ပါဘူးလို့ပဲခပ်အေးအေးတွေးထားတာလားကွာ။

"ငါ့လက်ကိုကိုလွှတ်ပါ ငါတို့ဘာမှမပတ်သက်တော့ဘူး‌"

ကျွန်တော်လက်ကိုကိုင်ထားသည့်jeonလက်တွေကိုအတင်းဆွဲဖယ်နေသည်။မရမှန်းသိပင်မဲ့လည်းဆွဲဖယ်နေမိသည်။

"ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ"

"ဟင်"

"ဘယ်သူ့ခွင်ပြုချက်နဲ့ လမ်းခွဲမယ်လို့ပြောနေတာလဲလို့...ကိုယ်လမ်းမခွဲပေးဘူး"

တော်ပါတော့သူ့အပေါ်သာနေတဲ့ကျွန်တော်စိတ်တွေရယ်တော်ပါတော့။လမ်းမခွဲပေးဘူးလို့ပြောတာနဲ့ချက်ချင်ယိုင်သွားချင်တဲ့စိတ်တွေရယ်တော်လိုက်ပါတော့လို့။

သူညာနေတာ။အဲ့စကားတွေကညာနေတာနောက်နေ့ရောက်တာနဲ့မင်းကအခန်းကျဉ်းလေးထဲမှာတိတ်တိတ်လေးငိုရမှာ။မင်းလက်ခံလိုက်တာနဲ့နောက်ထပ်အကြိမ်းကြိမ်းငိုကြွေးရမှာကိုယ့်ကိုယ်ကိုချစ်သင့်နေပြီ park jiminရဲ့။

ကိုယ့်ကိုယ်ကိုသတိတွေအထပ်ထပ်ပေးနေရတဲ့အထိကိုကျွန်တော်မပျက်သားနိုင်။သူမှသူဖြစ်နေတာအရူးလိုပဲ။

ထီးကလေး ☔ (Complete)Wo Geschichten leben. Entdecke jetzt