ep-3☔

3.5K 418 18
                                    

အဲ့နေ့ညက ကျွန်တော် jeonကိုရေခဲမုန့်ဆိုင်လေးမှာ သုံးနာရီလောက်ထိုင်စောင့်ခဲ့သည် jeonများပြန်လာခေါ်မလားဆိုပြီးတော့ပေါ့။ရောက်မလာပါဘူး ဖုန်းဆက်တော့လည်း မကိုင်ဘူး။‌သုံးနာရီလုံးလုံးထိုင်စောင့် ပြီးကာမှ ရေခဲမုန့်ဆိုင်က jeonမှာထားခဲ့တဲ့ ရေခဲမုန့်နှစ်ခွက်ကို ကိုင်ကာပြန်လာခဲ့သည်။

လမ်းတစ်လျှောက်လုံး ပျော်မြူးနေသည့်လူတွေဟာ ကျွန်တော်ကိုလှောင်နေသလိုလို။လက်ထဲကရေခဲမုန့် နှစ်ခွက်ဟာလည်း အရည်ပြော်ကာ လက်ပေါ်သို့တစ်ဆက်ဆက်ကျနေသည်။

လွှတ်မပြစ်ရက်ပါ သူတို့လည်းကျွန်တော်လို အထီးကျန်နေခဲ့မှာ။‌ထုိ‌ေနာက် လက်ထဲကိုပြန်ကြည့်လိုက်တော့ ရေခဲမုန့်ကနှစ်ခွက်တောင် ဟုတ်သားပဲ မင်းတို့ကအဖော်နဲ့လေ ငါလိုအထီမကျန်နေခဲ့ပါဘူးဟုပြောကာ လမ်းဘေးအမှိုက်ပုံထဲသို့ ထိုရေခဲမုန့်နှစ်ခွက်ကို ပြစ်ထားခဲ့လိုက်သည်။

တစ်လမ်းလုံးငိုခဲ့သည် ကျွန်တော်လျှောက်နေသည့် ခြေလှမ်းတွေနဲ့အပြိုင်ကိုငိုခဲ့တာ။မချစ်ရင် မချစ်ဖူးပြောလိုက်ပါ မုန်းရင်မုန်းတယ်ပေါ့ ဘာလို့ ဂရုစိုက်ပြလိုက် ထားခဲ့လိုက်လုပ်နေရတာလည်း ။ငါကဂရုစိုက်မှု မခံခဲ့ရတဲ့ လူတစ်ယောက်မို့ နည်းနည်းလေးဂရုစိုက်ပြရင် အရူးတစ်ယောက်လို အဲ့လူကိုစွဲလမ်းသွားတာ။

မုန်းပြစ်ချင်သည် jeonလုပ်နေသည့်လုပ်ရက်တိုင်းကိုမုန်း ပြစ်ချင်သည်။အခွင့်ရေးသာရှိခဲ့ရင် ကျွနမတော်ဟာ jeonကိုမုန်းတဲ့လူသား တစ်ယောက်အဖြစ်ရှင်သန်ကြည့်ချင်တယ်။

မလုံလောက်ဘူးထင်တယ် jeonရဲ့ဉပက္ခာပြုမှုတွေက ဒီကငတုံးကိုမုန်းဖို့အတွက် မလုံလောက်သေးဘူးထင်ပါတယ်။ရင်ကွဲနာကျတဲ့ တစ်နေ့ကြမှ ကျွန်တော်jeon ကိုမုန်းလို့ရမှာလား။

3ရက်ရှိပြီး အဲ့နေညထဲက ‌jeonပေါ်မလာခဲ့တာ 3ရက်ရှိသွားပြီး ဖုန်းလည်းဆက်မရသလို ဘာသတင်းအစနမှလည်းမကြားခဲ့ပါ။ သူပေးထားသည့် အိမ်လိပ်စာလေးကိုကြည့်မိပြန်တော့လည်း သူဌေးတွေပဲနေသည့်နေရာ ဖြစ်သည်။ လိုက်သွားကာ *အဲ့ညက ဘာလို့တစ်ယောက်ထဲထားခဲ့တာလည်း*လို့ အော်ငိုကာမေးကြည့်ချင်ပါသည် ဒါပင်မဲ့ ကျွန်တော်လိုက်သွားလိုက်လို့များ jeonအတွက်မျက်နှာ ပျက်စရာများဖြစ်နေခဲ့ရင်ဆိုတဲ့အတွေးနဲ့ လိုက်မသွားဖြစ်ပါဘူး။

ထီးကလေး ☔ (Complete)Where stories live. Discover now