ep-5☔

3.4K 414 17
                                    

အချစ်‌တွေဈေးကြီးလွန်းတယ် ။ပေါပေါလော‌လောဝယ်လို့ရတဲ့ တစ်ရာဖိုးသုံးခုတန်မဟုတ်တော့လည်း ရင်တွေကွဲရတဲ့အထိအောငိုနေရပြန်သည်။

ရှိသမျှပုံပေးပြီး ငါ့jeonကိုပြန်ပေးပါလို့ တောင်းလိုက်ချင်ပါသေးသည်။

အဝေးကိုလွှင့်တင်လိုက်တဲ့ စွန်ကို ရစ်ဘီးကငါပိုင်ပါတယ်ငါ့ဉစ္စာပါလို့ ကြည့်ရင်း ကြည်နူးနေပင်မဲ့ စွန်လေးကတော့ သူ‌ပျော်တဲ့အမြင့်မှာ အပျော်လွန်ပြီး ရစ်ဘီးလေးကိုစွန့်ခွာသွားသတဲ့။

ဒီလောကကြီးက တိတ်‌တိ‌တ်လေး ထွက်သွားချင်မိတယ်သိလား jeon။ကျွန်တော်များပျောက်ကွယ်သွားရင် အရာအားလုံးကဒီတိုင်းပဲ ရှိနေမလား ဘယ်အရာမှမပြောင်းလည်သွားပဲနဲ့လေ။

ကျွန်တော်သာ သေသွားခဲ့ရင် jeonငိုနေမလား သနားနေမလား နောင်တတွေရနေမလား သူမနဲ့များပျော်နေမလား ဒါမှမဟုတ်ကျွန်တော်မရှိတော့လည်း jeonဘဝဒီတိုင်းလေးပဲ ဖြစ်နေမလား သေကြည့်ချင်ဖူးသေးတယ်။

မိုးတွေရွာတဲ့ညတွေဆို ကိုယ်ကြောက်မိတယ် မီးတွေပျက်တော့ပိုဆိုးတယ်သိလား။အဲ့ချိန်ဆို jeonကိုပိုသတိရတယ် အရင်ကမီးပျက်တိုင်း သီချင်းဆိုပြတတ်တဲ့ jeonကိုလွမ်းတယ်။မီးအိမ်ဖွင့်ပြီး အလင်းရောင်မှိန်မှိန်အခန်းလေးထဲမှာ jeonဖုန်း‌ေလးနဲ့သီချင်းဆိုပြတာကိုနားထောင်ရင်း အိပ့်သွားတတ်တဲ့ အချိန်တွေက ပြန်မရနိုင်တော့တဲ့ jeonနဲ့ကျွန်တော်ရဲ့ ဆက်ဆံ‌‌ေရး‌ေလးပေါ့။

အခုတော့ မှောင်မည်းနေသည့် အခန်းကျင်းလေးထဲ မီးအိမ်လည်းမဖွင့်နိုင် ရှိုက်ရင်းသာငိုနေမိတယ်။ဘာကြောင့်ငိုလည်း အကြောင်းပြချက်တွေကများလွန်းလို့ တစ်ခုချင်းစဉ်းစားပြီး ငိုနေရသည်။

ငိုနေရင်းမိုးတွေခြိန်းလို့ ကြောက်လွန်းကာ jeonကို ဖုန်းခေါ်မိတော့ ဖုန်းကမအား‌ေသးဘူးတဲ့ ။သူမနဲ့များ ဖုန်းပြောနေသလား သူမကများ ကြောက်နေလို့ ဖုန်းတွေပြောပေးနေတာလား။ထပ်ငိုနေရပြန်ပြီး ကျွန်တော်ကတော့

အရင်က recordingလေးတွေပြန်နားထောင်ပြီး ကိုယ်ကြောက်စိတ်တွေဖြောက်ခဲ့ရတယ်။

ထီးကလေး ☔ (Complete)Where stories live. Discover now