မင်းသမီးအနား တွင်မြင်းကိုအရှိန်သပ်လိုက်ပင်မယ့် ပြုံးနေတဲ့အရှိန်ကိုတော့မသပ်နိုင်...

အရင်လိုချီမနိုင်မယ်လို့ထင်ထားသော်လည်း လည်တိုင်ကိုဖက်သွယ်လာတဲ့မင်းသမီးရဲ့လက်က အဆင်တန်ဆာတွေဟာ ဒဏ်ရာကျက်နေပြီဖြစ်သော်လည်း ဒဏ်ရာအပေါ် ထိရှမိသည်မှာ အသဲခိုက်အောင်နာရသည်....

နာလွန်းတာကြောင့် ဟန်ချက်ပျကိသွားချိန်မှာ မင်းသမီးဟာ သခင်မလေးရင်ခွင်ထဲမှာ....

Ni: မင်းအဆင်ပြေရဲ့လား

Li:ဟုတ်ကဲ့....

မင်းသမီးကို မြင်းပေါ်ချီတင်ပြီစတာနဲ့ လည်ပင်းမှာ စည်းနှောင်ထားတဲ့ အစတွေကိုအကုန် ခွာချပြီးထားခဲ့လိုက်တယ် သွေးတွေပြန်ထွက်နေတာကိုသိပင်မယ့်လည်း.....

Ni: သွေးတွေပြန်ထွက်နေတာဘဲ...

Li: အရေးမစိုက်ပါနဲ့... သွားကြတာပေါ့...

အရေးမစိုက်ဖို့ပြောထားပင်မယ့်လည်း အရမ်းမနာနေစေရန်အတွက် လေဖြင့် မှုတ်ပေးနေလိုက်တယ်.... ထွက်လာတဲ့သွေးစတချို့ကို ဝတ်ရုံစဖြင့် ခပ်ဖွဖွသုတ်ပေးမိတယ်....

တဖြည်းဖြည်းနဲ့တောစပ်ကိုရောကမလာကြတယ် သူတို့နောက်ကို တစုံတဦးလိုက်လာတာကိုတော့သတိမထားမိလိုက်ကြဘူး....

တဲနန်းကို အတူတည်ဆောက်ကြတယ်... ရေတွေဆော့ကစားကြတယ်...ဖြစ်ပျက်ခဲ့သမျှကို ခဏမေ့ပြီး သူတို့ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေကြတယ်....

Li: တောတောင်ကြားကသစ်ပင်တွေကြား တိုက်ခတ်လာတဲ့လေပြေအေးအေးလေးလို...စီးဆင်းနေတဲ့စမ်းချောင်းရေတွေကို အိမ်ရှေ့စံမင်းသမီးက အေးချမ်းလှပတဲ့ ဘဝကိုပိုင်ဆိုင်ထားတာဘဲ....

Ni: မင်းက ကဗျာသိပ်ဆန်တယ်နော် li ငယ် ကဗျာဆန်တာတွေက တို့နဲ့သိပ်မလိုက်ဖက်ပင်မယ့် ဆက်ပြောပါဦး....

Li သခင်မလေးသည် အလှဆုံးအပြုံးတွေ ပြုံးလျက် အိမ်ရှေ့စံမင်းသမီး ရဲ့ပုံတူပန်းချီကားကိုရေးဆွဲကာ မစပ်တပ်တဲ့ ကဗျာတွေကို စပ်ပေးနေခဲ့တယ်...။
စာသံ ပေသံတွေကို သဘောမကျပါဘူးဆိုတဲ့မင်းသမီးဟာ သခင်မလေးရဲ့ကဗျာတချို့ကြောင့် တခစ်
ခစ်နဲ့ကို ရယ်မောလျက် တောတွင်းဖြတ်သန်းတိုက်ခတ်လာသော လေအေးတွေကြောင့် ဖြောင့်ဖြူးချထားသော ဆံနွယ်တွေသည် ယိမ်းနွဲ့နေသည်....

Last Tear (Season 1)Where stories live. Discover now