ချော့သည်လား။ ဒါက ချော့တယ်ဆိုလား။ ချော့ရင် ပြန်အဆင်ပြေရမှမဟုတ်ဘူးလား။ အကို့ဘက်က ချော့နေပြီပဲ ကျွန်တော် ကျေနပ်ရတော့မှာမဟုတ်လား။ ခက်သည် အကိုချော့ကာမှ ပိုလို့ ငိုချင်နေသည်က တော်တော်လေးကို ခက်သည်။
ခန္ဓာကိုယ်အထိပါ တုန်ယင်ပြီး ငိုနေသည်က ဘာကြောင့်မှန်းမသိပေ။
"မငိုပါနဲ့သော်ရာ။ ခေါင်းတွေကိုက်လာဦးမယ်။ ကျစ်.... ဒီအောင့်သက်သက်ကြောင့် ကိုယ့်မှာလည်း အောင့်သက်သက်ဖြစ်ရပေါင်း မနည်းတော့ဘူးကွာ။ အခုတော့ သော်အထိပါ ငိုနေရပြီ။"
စိတ်ညစ်သလိုနဲ့ အကို့စကားကို ကျွန်တော် နားမလည်ပြန်သေး။
"ကျွန်တော့်ကို...အင့် !!"
"မဟုတ်တာ သော်ရာ။ ကိုယ်က သော့်ကို ပြောတာဖြစ်ပါ့မလား။ သော့်နာမည်က သက်ပါလို့လားကွာ။ တိတ်တော့နော် မငိုနဲ့တော့။ ခေါင်းတွေ အရမ်းကိုက်လာမယ်လေ။"
"ဟင့်အင်း....."
အငို မစဲ တသည်းသည်းနှင့် ခြိမ့်ခြိမ့်ပါအောင် ငိုနေရင်း ကျွန်တော် ပြိုကျသွားသည်က အကို့ရင်ခွင်နွေးနွေး။
"မငိုပါနဲ့ သော်ရာ.......အခု သော့်အဖြစ်ကလေ...."
ယုယုယယနှင့် နောက်ကျောကို ပွတ်သပ်လို့ အငိုတိတ်ပါစေကြောင်း ရည်ရွယ်လို့ ပြုမူမိသည်က အဝန်းဘဝမှာ တစ်ခါမှမလုပ်ခဲ့ဖူးတဲ့အပြုအမူပင်။ ရင်ခွင်ထဲမှာ ထဲ့ထားပါသည် ဆိုတာကလည်း သော် အားငယ်နေလို့။
"ကျွန်တော် မသိတော့ဘူး။"
အားငယ်နေသူလေးက အဝန်းရဲ့စကားမဆုံးသေးခင်မှာလည်း ဖြတ်ပြောသေးသည်။ ပြီးတော့ မှီထားတဲ့ ရင်ဘက်ကနေမခွာပဲ ခေါင်းကို ဘယ်ညာယမ်းလေးတော့ ယားကျိကျိဆိုသည် ဘယ်နေရာက ဖြစ်နေသည်မှန်း အဝန်းမသိတော့။ ဒီကောင်လေး တစ်ယောက်တည်းနဲ့ ခက်သည်တော့လည်းမဟုတ်သော်ငြား ခက်ချင်နေပြီလို့ ပြောရတော့မည်။
"ဟွန်း...."
ထိန်းထားသည့်ကြားကနေ အသံက အနည်းငယ်ထွက်ကာ ရယ်မိသည်။ အခု အဝန်းအခြေအနေနဲ့ အဝန်းမှာ သတိရမိသည်က...
"မွေးမိ ရင်ခွင် ရွှေပလ္လင်
ကလေးတိုင်းသည် ရှင်ဘုရင်။
အပိုင်း (၁၄)
Start from the beginning