Afterwords

3.4K 264 32
                                    

Unicode

[T/N - ဒီအပိုင်းက​တော့ မူရင်း author ရဲ့ ဇာတ်လမ်းအတွက် ထပ်မံဖြည့်စွက်ချက်​တွေပါ, မူရင်း author ရဲ့ prov လို့ ​ပြောနိူင်ပါတယ်]

​နောက်ဆုံးအ​နေနဲ့ အဓိကဇာတ်ကောင်ရဲ့ ​ရောင်းရန်မဟုတ်တဲ့ ထင်ရှား​ကျော်ကြားမှုကို ခိုးယူသွားခဲ့တဲ့ ရုန်လျှို့ကို ​နောက်တစ်ကြိမ်ထပ်ပြီး ခိုးယူခွင့်​ပြုလိုက်ပါ။

သူက အရံဇာတ်​ကောင်ဖြစ်ရတာကို အရမ်း​ပျော်​နေပါတယ်။

ငါက သူ့ကို ဗီလိန်ကြီးဖြစ်တဲ့ရှောင်တန်ကို အပြစ်​ပေးဖို့အတွက် ဒီကြီးမားတဲ့တာဝန်ကို ပေးမယ်။ သခင်​လေးရုန်လျှို့ဘက်က ​ပျော်ရွှင်စွာလက်ခံလိမ့်မယ်ဆိုတာကို ငါ ယုံကြည်တယ်။

အစကတည်းက ​ရှောင်းမိသားစုရဲ့ အစ်ကိုကြီးကို တစ်​ယောက်​ယောက်နဲ့တွဲ​ပေးဖို့အတွက် ငါ့ကို တွန်း​အား​ပေးကြတဲ့လူ​တွေရှိတယ်။ ဝမ်းနည်းစရာ​ကောင်း​တဲ့ Gong လိုဖြစ်​နေတဲ့ သူ့ရဲ့​ပုံစံကြောင့်လား, ဒါမှမဟုတ် ကမ္ဘာ​ပေါ်က လူ​တွေအားလုံး Gay ဖြစ်ရမယ်ဆိုတဲ့ BL နဲ့ပတ်သက်တဲ့အလုပ်​တွေက ဥပ​ဒေ​ကြောင့်လားဆိုတာ​တော့ ငါမသိဘူး။

ငါက ဒီအချက်ကို အမြဲတမ်း သ​ဘောမတူခဲ့ဘူး။ သားသုံး​ယောက်စလုံးသာ Gay ဖြစ်​နေခဲ့ရင်​တော့ ရှောင်းမိသားစုရဲ့ဖခင်ဖြစ်သူဟာ သူ့ရဲ့ကိုယ်ပိုင်ဗီဇကို ပြန်လည်​တွေး​တောရင်း ငို​နေရလိမ့်မယ်။

အဲ့အပြင် ​မြေး​တွေ, ​မြေးမ​တွေ မရှိတာကလည်း ​တော်​တော်သနားစရာ​ကောင်းလွန်းတယ်။ ငါက ​ရှောင်းမိသားစုရဲ့လူအားလုံးကို ကိုယ်ကျိုးစွန့်တဲ့အာဇာနည်​တွေမဖြစ်​စေချင်ဘူး။ အနည်းဆုံး အသက်ရှင်ကျန်ရစ်သူ တစ်​ယောက်​တော့ ရှိ​နေရမယ်​လေ။

ဒါ​ပေမယ့် extra ​တွေမှာ​တော့, ငါက ​ရှောင်းမိသားစုရဲ့ အစ်ကိုကြီးကို လိုက်မ​နှောင့်ယှက်ဘဲ မ​နေနိူင်ခဲ့ဘူး။

သူ့ရဲ့ယုတ်မာတဲ့အမူအကျင့်​တွေအားလုံးကို မြင်​နေရတဲ့အတွက် ဒီလူဟာ တကယ်ကို အပြစ်​ပေးခံရသင့်တယ်။ ဒါပေမယ့် တရားမျှတမှုမရှိဘဲ, ​ရှောင်ရွှမ်းက သူ့ကို အကြွင်းမဲ့အနိူင်မယူသလို နှံ့စပ်​အောင် ရိုက်ပုတ်မှာလည်း မဟုတ်ဘူး။ ဘာ​ကြောင့်လဲဆို​တော့ ညီအစ်ကိုတွေ အချင်းချင်းတိုက်ခိုက်ကြတာက ညီငယ်ရဲ့ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာ​ရေးရဲ့ တိုးတက်မှုကို အကျိုးသက်​ရောက်​စေလို့ပဲဖြစ်တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now