Chapter - 19 (Part 1)

3K 468 39
                                    

Unicode

အူးယမ်နဲ့လင်ကျင်းဟာ တကယ်ကို ပိုပြီး​တော့ ရင်းနှီးလာခဲ့တယ်။

ဒီလို​ကောင်​လေးမျိုးကို သ​ဘောမကျဖို့က ခက်ခဲတယ်။ ​ကောလဟာလ​တွေ သိပ်နားမ​ထောင်တတ်တဲ့ အူး​ယမ်​တောင်မှ လင်ကျင်းဟာ ဘယ်ပဲသွားသွား လူသိများပြီး​တော့ ပရိသတ်​တွေရလာတယ်ဆိုတာကို သိတယ်။ အတန်းထဲမှာဆို သူ့​ဘေးပတ်လည်မှာ အခြားဌာန​တွေကကောင်မ​လေး​တွေက အမြဲလာထိုင်​နေကြပြီး သူစားဖို့ပစ္စည်း​တွေ​တောင်မှ ယူ​ဆောင်လာကြတယ်။

ပြီး​တော့ လင်ကျင်းက အပြုံး​တွေနဲ့အတူ, လူတိုင်းနဲ့အဆင်​ပြေ​စွာပေါင်းသင်းပြီး အားလုံးနဲ့ လိုက်​လျောညီ​​ထွေဖြစ်​စေတယ်။ ဒီနှစ်​တွေမှာ က​လေး​တွေအားလုံးက ဂိမ်းကစားရတာကို သ​ဘောကျလာကြပုံပဲ။

ဒါ​ပေမယ့် ​ကျောင်းလီရဲ့စိုးရိမ်မှုက မလိုအပ်ဘူးဖြစ်တယ်။ လင်ကျင်းက ဘယ်​လောက်ပဲနှစ်သက်စရာ​ကောင်း​နေပါ​စေ, အူးယမ်က ဘယ်​လောက်ပဲ တစ်ကိုယ်တည်းဖြစ်​နေပါ​စေ, သူက မလွယ်ကူဘူး။ အခြားလူ​တွေရဲ့ဆွဲ​ဆောင်မှုက သူနဲ့ဘာမှမဆိုင်ဘူးဖြစ်တယ်။ သူက တစ်ခုခုကို ​ကောင်းတယ်လို့ လွယ်လွယ်ကူကူ ညွတ်တတ်​တဲ့စိတ်ရှိပေမယ့် မ​ရေရာတဲ့ဦးတည်ချက်*ဆီကို​တော့ သွားမှာမဟုတ်ဘူး။ [*ချစ်သူရည်းစားဆက်ဆံ​ရေးရဲ့အ​စောပိုင်းအဆင့်​တွေကို ​အထူးသဖြင့်ဆိုလိုချင်တာ, နှစ်ဖက်စလုံးက တစ်​ယောက်ကို တစ်​ယောက် ကလူကျီစယ်​(flirt)ပြီး စမ်းသပ်​နေကြတယ်, ဒါ​ပေမယ့် ဘာကိုမှ တကယ်ထုတ်မပြကြဘူး]

သူ့ဘဝမှာ တစ်ကြိမ်တစ်ခါသာပဲ သူချစ်ချင်လာတဲ့အတွက် စစ်မှန်စွာလှုပ်ရှားခဲ့ဖူးတယ်။

"ရှီဝမ်..."

ရင်းနှီး​နေတဲ့အသံကိုကြားလိုက်​တော့ အူးယမ်က သူ့ဖတ်စာအုပ်ကို သိမ်းလိုက်ပြီး ​ခေါင်းလှည့်လိုက်တယ်, "မင်း ငါ့ကို ဆရာလို့ ​ခေါ်ရမှာ​လေ"

"ပါးစပ်ဟလိုက်"

"အာ?"

တစ်စုံတစ်ခုက သူ့ပါးစပ်ထဲ​ရောက်လာပြီး အူးယမ်ကို ​ကြောက်သွား​စေခဲ့တယ်။ သူက ပြန်​ထွေးထုတ်ဖို့ အလျှင်အမြန်ကြိုးစားလိုက်​ပေမယ့် သူ့လျှာက ထူပြီးချိုတဲ့အရသာကို ခံစားလိုက်ရပြီး ​ချောကလက်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကို သူသိလိုက်တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now