Chapter - 19 (Part 2)

3K 454 26
                                    

Unicode

ထိုလူဟာ အူးယမ်​ရှေ့ကို ​လမ်းလျှောက်လာပြီး သူ့ကို ငုံ့ကြည့်လာခဲ့တယ်, "ဆရာ, ဒုက္ခကြုံနေတာလား? ကျွန်​တော့်အကူအညီလိုလား?"

အူးယမ်ရဲ့​ခြေသလုံး​ကြွက်သားတွေဟာ ရုတ်တရက် အနည်းငယ်တုန်ရီသွားတယ်။

လင်ကျင်းရဲ့အဆက်မပြတ်ပူ​ဆာ​နေတာကို သူက မ​ကြောက်ရွံ့​တော့ဘူး။ အဆိုးဆုံးအ​နေနဲ့ သူက လင်ကျင်းကို စာတမ်းဆယ်​​စောင်ရေးခိုင်းပြီး အပြစ်​ပေးနိူင်တယ်။ ဒါ​ပေမယ့် "မတရားမှုကို ဆန့်ကျင်​နေ​သော" အဲ့လူအတွက်တော့ သူက ရုတ်တရက် သူရဲ​ဘော​ကြောင်စွာ ခံစားလိုက်ရတယ်။

"မဟုတ်ဘူး, ဘာမှမဟုတ်ဘူး" အူးယမ်က ​ခေါင်းကိုလှည့်လိုက်ပြီး, "ငါ အရင်သွားမယ်"

"ဟမ်?" လင်ကျင်းက အနည်းငယ် မ​ကျေမနပ်ဖြစ်သွားပြီး, "ကျွန်​တော်တို့ ​ဆွေး​နွေး​နေတာ မပြီး​သေးဘူး​လေ..."

အူးယမ်က သူ့(လင်ကျင်း)လက်ကို ဆွဲဖယ်လိုက်ပြီး, "မင်းလည်း အိမ်မြန်မြန်ပြန်သင့်တယ်"

"ဒါ​ပေမယ့် ဒါ​ပေမယ့်..." လင်ကျင်းက ​​အလွန်ကို ဆန္ဒမရှိဘဲ ခွေးက​လေးတစ်​ကောင်လို လှည့်ပတ်​နေတယ်, "ရှီဝမ် နည်းနည်း​လေး​တောင်မှ မစဥ်းစား​တော့ဘူးလား?"

"ဆရာ" ​ရှောင်ရွှမ်းက လူနှစ်​​​ယောက်ကြား ဝင်ရပ်ရင်း စကား​ပြော​နေတာကို ကြားဖြတ်လိုက်တယ်, "ကျွန်​တော် ဆရာ့ကို ပြန်လိုက်ပို့​ပေးမယ်"

အူးယမ်က တစ်ကိုယ်လုံးကြက်သီးထသွားပြီး, "မ​နှောင့်ယှက်ပါနဲ့, ငါ တစ်​​​ယောက်တည်း ပြန်မယ်"

​ရှောင်ရွှမ်းက လင်ကျင်းကို တစ်ချက်ကြည့်လိုက်ပြီး​နောက် အူးယမ်ကို မျက်နှာချင်းဆိုင်လိုက်တယ်, "ရပါတယ်, ဒီနည်းက ဆရာ တစ်​​ယောက်​ယောက်ရဲ့ အ​နှောင့်အယှက်​​ပေးတာကို ခံရမှာမဟုတ်ဘူး"

လင်ကျင်းက ​ပေါက်ကွဲသွားပြီး, "​ဟေး, အခု ​နှောင့်ယှက်​နေတာက ဘယ်သူလဲ?"

"မင်းမသွားရင် ငါ ရဲ​ကို ဖုန်းဆက်​လိုက်မယ်"

"ဝိုး, ရဲ​တွေက လမ်း​ပေါ်မှာ စကား​ပြော​နေတာကိုလည်း ထိန်းချုပ်နိူင်တာလား? မင်းမိသားစုက ရဲဌာနကို အလုပ်​ပေးထားတာလား?"

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now