Chapter - 21 (Part 1)

3.4K 444 23
                                    

UNICODE





နေ့လည်ခင်းအတန်းပြီးသွားတော့ လင်ကျင်း ကကောလိပ်ဝင်ပေါက်မှာသူ့ကိုတကယ်ပဲစောင့်နေတယ်။ သူ့ကိုတွေ့တာနဲ့လင်ကျင်းက ပြုံးပြပြီးခေါ်လိုက်တယ်။

"ရှီးဝမ်... "

ဒီကလေးပိုပိုပြီးချစ်စရာကောင်းလာတယ်။ အူးယမ် ကသူနဲ့မကြာခင်ရှင်းဖို့လိုတယ်လို့ခံစားရတယ်။

သူရပ်လိုက်တဲ့အချိန်မှာပဲ လင်ကျင်း ကသူ့လက်ကိုဆုပ်ကိုင်လိုက်တယ်။အူးယမ် ,လင်ကျင်းမျက်လုံးတွေကိုအလေးအနက်ကြည့်လိုက်တယ်။

"တောင်းပန်ပါတယ် လင်ကျင်း..... ငါတို့ကမလိုက်ဖက်ဘူး, မင်းက ကျိုးဝမ်ရန်နဲ့ပိုသင့်တော်တာပါ " ​

လင်ကျင်း သူ့ရဲ့ တိုက်ရိုက်တုန့်ပြန်ချက်ကြောင့် အံအားသင့်သွားပြီး ခေါင်းငိုက်စိုက်ကျလျှက် ,သူ့မျက်နှာကအနည်းငယ်သနားစရာကောင်းပုံပေါက်နေတယ်။

"သရဲက ပဲ အဲ့လိုရေခဲတုံးမျိုးနဲ့သင့်တော်လိမ့်မယ် ....ကျွန်တော်အရှုံးမပေးဘူး, ကျွန်တော်က ဆရာ့လို လူမျိုးကိုသာကြိုက်တာပါဗျာ.. "

အူးယမ်ကခေါင်းကိုပုတ်လိုက်ပြီး "ကျေးဇူးတင်ပါတယ်....ဒါပေမယ့်တောင်းပန်ပါတယ် .. "

အူးယမ်ကသူနဲ့မရင်းနှီးတဲ့လူတွေရှေ့မှာအရမ်းတိတ်ဆိတ်ပြီးပျင်းစရာကောင်းတယ်။ သူက အခြားသူတွေနှင့် ဆက်သွယ်ရန်အစပြုရာတွင်ကျွမ်းကျင်မှုမရှိပေ။ ကျောင်းသားတွေကသူ့ကိုအကဲဖြတ်ကြတာကောင်းတယ်။ ဒါပေမယ့်အတန်းပြီးလို့သူ့ကို ၀န်းရံဖို့အစပျိုးမယ့်ပုံစံမျိုးမဟုတ်ဘူး။ ဟောပြောပွဲ မှလွဲ၍ သူကသူ၏ကျောင်းသားများနှင့် ပတ်သက်၍ ဘာပြောရမည်ကိုပင်မသိခဲ့ပါ။ အဆင်မပြေမှုတစ်ခုသို့မဟုတ်နှစ်ခု ဖြစ်ပြီဆို သူက တိတ်တိတ်ဆိတ်ဆိတ်ပဲ သူ့အထီးကျန်ခြင်းကိုဆက်လက်ထိန်းသိမ်းလိုက်မှာပဲဖြစ်တယ်။

လင်ကျင်းကဲ့သို့ပွင့်လင်း ပြီးသွက်လက်သောစရိုက်ရှိသူနဲ့ ကျိုးဝမ်ရန်ကဲ့သို့ သံလိုက်ဆွဲဆောင်မှုအထိ ပျင်းစရာကောင်းတဲ့ သူတွေသာ သူ့ဆီရောက်လာလိမ့်မှာဖြစ်တယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now