"တော်တော့" ပြင်းထန်သည့်ချီစွမ်းအားပြည့်ဝသည့်လူအိုတစ်ဦးရဲ့အသံဟာ ခန့်မှန်းမရနိုင်သည့်နေရာကနေ ထွက်သွားမှ ကျန်းဝေရှီပေါ်ကျရောက်နေသည့်ဖိအားတွေဟာ ပျောက်သွားတော့သည်။ထိုအခါမှ ကျန်းဝေရှီဟာ ထိတ်လန့်စွာမတ်တပ်ပြန်ရပ်လိုက်ပြီး သူဟာ ဘာမှမဆိုနိုင်အောင် အောက်နှုတ်ခမ်းကို ဖိကိုက်မိတော့သည်။သူ့ရှေ့ရှိလူငယ်က သာမန်ကျင့်ကြံသူမဟုတ်ဘူးလား၊ခုနက သူ့ကို ဝင်ရောက်တားဆီးသည့်အကြီးအကဲတွေရဲ့တရားမဝင်သားများလား၊
ကျန်းဝေရှီဟာ အမျိုမျိုးတွေးတောနေပေမယ့် သူဟာ သူရဲ့ကြာပွတ်ကို ထုတ်ကာ မာန်ချီသည်အသံဖြင့် ဝမ်ဖေးရန်ကို ပြောလိုက်သည်။
"မင်း ငါရဲ့ကြာပွတ်တစ်ချက်ကိုတောင် ခံနိုင်မှာမဟုတ်ဘူး"
ဝမ်ဖေးရန်ဟာ သူရှေ့ရှိ ကျန်းဝေရှီကို ကြည့်ရင်း လက်ခံသည့်ပုံစံဖြင့် ခေါင်းညိတ်လိုက်ပြီး
"ဟုတ်တယ်...ဘာလို့လဲဆိုတော့ ခင်ဗျားရိုက်ချက်တွေက ကျွန်တော့်ဆီရောက်လာမှာမှမဟုတ်တာ " လို့ ပြောလိုက်တော့ ကျန်းဝေရှီမှာ ဒေါသကြီးပဲထွက်နေရတော့သည်။အရင်ကဆို အကုန်လုံးဟာ သူ့အလိုလိုက်လျောပေးကျတာကြောင့် သူ့အနေနဲ့အခုလို သူ့ကိုလွန်ဆန်ကာပြောနေသည့်သူတွေကို တကယ်မုန်းတီးနေတော့သည်။
"မင်းဘယ်လောက်ထိ မောက်မာနိုင်မလဲ ငါကြည့်ရတာပေါ့"ကျန်းဝေရှီဟာ ပြောလိုက်ပြီး သူရဲ့ကြာပွတ်ကို လွှဲလိုက်သည်။ပထမတစ်ခေါက်တုန်းက ရန်သူကို အထင်သေးမိလို့ သူရှူံးခဲ့တာလို့ တွေးနေတုန်း စင်မြင့်ကိုးမှာ အော်ဟစ်လာသည့်အသံကျယ်ကြီးကြောင့် သူတို့အာရုံဟာ ထိုဘက်ကို ရောက်သွားတော့သည်။
"နတ်နဂါးသိုင်းဝိညာဉ်ပိုင်ရှင်!"လို့ ကျန်းဝေရှီဟာ အလန့်တကြားအော်မိရုံသာမက တစ်ဖက်လူကနေ ထွက်နေသည့်အရှိန်အဝါဟာ ဒီချူံးအဆင့်နဲ့ထျန်းကျီအဆင့်ကြားရောက်နေသည်ကို သိလိုက်ချိန်မှာ သူဟာပိုကြောက်လန့်သွားတော့သည်။ခုနက သူတကယ်ပဲကံကောင်းခဲ့တာပဲ! မဟုတ်ရင် သူဒီထက်ဆိုးဝါးစွာခံရမလား၊ သူတွေးနေရင်း ထိုစင်မြင့်ထက်က အယ်လ်ဖာအမျိုးသားဟာ သူတို့ဘက်ကို စိုက်ကြည့်လာသည်ကို မြင်တော့ သူ့စိတ်ထဲ တစ်မျိုးတစ်မည်ဖြစ်သွားတော့သည်။နတ်နဂါးသိုင်းဝိညာဉ်ပိုင်ရှင်ဆိုတည်းက ကျန်းဝေရှီ ရန်လိုစိတ်မရှိတော့ပေ၊ဒါကြောင့် ထိုလူဟာ သူ့ကို ကြည့်နေသည်ဟု ထင်ခဲ့ပြီး ပြုံးရန်ကြိုးစားလိုက်ပေမယ့် တစ်ဖက်လူဟာ သူ့ကို ကြည့်နေခြင်းမဟုတ်လဲ သူရှေ့က အိုမီဂါကိုကြည့်နေသည်ကို သိလိုက်ရတော့သည်။
YOU ARE READING
Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)
Historical FictionTitle: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date: ????? ကျွန်တော့်ဘဝက အရမ်းသနားဖို့ကောင်းတာ ခင်ဗျားလေးလို့ သိမယ်မထင်ဘူးဗျာ၊ ကျွန်တော့် မိန်းမမပြောနဲ့ မူးလို့ရှူစရာစော်တောင် မရှိသေးဘူးလေ၊ဒါကို...
Chapter -72
Start from the beginning