" အခုခေတ်က အစားအသောက် အိမ်တိုင်ယာရောက်စနစ်တွေ ရှိ‌တယ်လေ.." ရွမ်းရီက ခံစားချက်တစ်စုံတစ်ခါ မရှိသည့် လေသံဖြင့်သာ ပြောလိုက်သည် ။ လေသံထဲတွင် ကြင်နာမှုဆိုသည်စကားလုံးကို ‌အစရှာ၍ပင် မရချေ။ ဒီသေဆုံးသွားသည့် လူသည် တစ်ကိုယ်တည်းသမား မဟုတ်လျှင် မိဘအိုကြီးကို လုပ်ကျွေးနေသည့်လူ ဒါမှမဟုတ် သားသမီးငယ်လေး ရှိသည့် လူလည်း ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဆိုစေ ဒီလူသည် အစားအသောက်ပို့သမားဖြစ်ကာ ခက်ခဲသည့် မိသားစုမှလာပြီး ဒီလူ၏‌သေဆုံးမှုက အချို့လူများကို ဆင်းရဲတွင်းသို့ ဆွဲချသွားမည် ဖြစ်သည် ။
သို့တိုင် ရွမ်းရီ၏ မျက်နှာထက်တွင် ဂရုမစိုက်ခြင်း ဆိုသည့် စကားလုံးကို ရေးသားထားသည့်နှယ် တည်တည်ငြိမ်ငြိမ်ပင် ။ မျက်နှာထက်တွင် နောင်တရမှုမဆိုထားနဲ့ သူ့လက်ထဲက အရာသည် လူသားတစ်ယောက်မဟုတ်ဘဲ သူ့ဓာတ်ခွဲခန်းထဲက ဖန်ချောင်းကဲ့သို့ အရာလိုမျိုး စမ်းသပ်ပစ္စည်းတစ်မျိုးဟုသာ မှတ်ယူထားသည့် ရုပ်ပင် ။ သူက စမ်းသပ်မှုမှ ပျော်ရွင်နေမှုကို ရရှိနေဟန် ..
စီရန်ယွီက သူ့မေးစေ့ကို အသာကိုင်ရင်း စဉ်းစားနေသည် ။ သူက ရွမ်းရီ၏ စစ်ဆေးမှုရလဒ်ကို ခန့်မှန်းမိနေသောကြောင့်ပင် ။ မကြာခင် လူသားတွေအတွက် ကပ်ဆိုးကြီး ရောက်လာတော့မည် ဖြစ်သည် ။ ဒါက အရေးမကြီးသေး အရေးကြီးသည်က ထိုအရာကို စတင်သူမှာ သူ ဒါမှမဟုတ် ရွမ်းရီ မဖြစ်ဖို့ပင် ။ သူ့အတွက် အကာအကွယ်ဟု ယူဆရသည့် ဇာတ်လိုက်ဆိုသည့် ရာထူးက ရှိနေပြီးသားပင် ။ သို့သော် ရွမ်းရီက မတူတော့ပေ ။ သူက အရံဗီလိန်ဇာတ်ကောင်မျှသာ ။ ဒုတိယဇာတ်လိုက် လုယွမ်၏ ရာထူးတိုးဖို့ ခြေနင်းတုံး ဖြစ်သွားနိုင်သည် ။
****
" Virus အဆင့်ထိမရောက်ဘူး .. ဒါကြောင့် စိတ်ပူစရာမလိုသေးတာ .. မဟုတ်ရင် Zombie ပျက်ကပ် ဖြစ်လာလိမ့်မယ် ..." စီရန်ယွီ၏ စကားအား ရွမ်းရီက မျက်စောင်းတစ်ချက်ဖြင့် တုန့်ပြန်လိုက်သည် ။ သူက virus တီထွင်နေခြင်း မဟုတ်သဖြင့် virus နီးပါးဖြစ်လာသည့် စမ်းသပ်မှုရလဒ်က သူ့စမ်းသပ်မှု ကျရှုံးသည်ဟု အကြီးအကျယ် သက်သေပြနေခြင်း မဟုတ်ပါလား ။