စီရန်ယွီ က စီထူနန်၏ နောက်လထဲ လက်ထပ်အွဲ ကျင်းပမယ် ဆိုသည့် စကားကို ကြားလိုက်ရသဖြင့် တံတွေးသီးတော့ မလိုဖြစ်သွားသည် ။ အဲ့လောက် အမြန်ကြီး ဖြစ်စရာ မလိုဘူးလေ... ငါ့ကို နည်းလမ်းရှာခွင့်လေး ပေးပါဦး ..
သူက စုယန်ချုးကို အသဲအသန်တွန်းထုတ်နေခြင်းကြောင့် ဇာတ်ကြောင်းက သူ့အား တွန်းအား ပေးချင်နေပုံပင် ။
" ပါး .. " စီရန်ယွီက ဆံပင်ကို ဖွာလိုက်ကာ ခေါ်လိုက်သည်။ စိတ်ထဲမှာ ထူးဆန်းနေသော်လည်း ဒီလူက လက်ရှိ သူ့အဖေ မဟုတ်လား ။
" ကျွန်တော်က ထပ်ပြီး မာန ကို အထိခိုက်မခံချင်တော့ဘူး .. ပြီးတော့ " သူ့အကြည့်က စုယန်ချုးထံသို့ ရောက်သွားကာ လစ်ခနဲ ပြုံးလိုက်သည် ။ " သူက ကျွန်တော့် အကြိုက်မဟုတ်တော့ဘူး ..."
" စီရန်ယွီ.. မင်းစကားက ဘာအဓိပ္ပာယ်လဲ .. ရှောင်ချုး က ငါတို့ စုမိသားစုရဲ့ သခင်လေးဘဲ .. မင်း ‌သူများကို ပေးချင်တိုင်း ပေးပစ်လို့ မရဘူး .. ကတိက ကတိဘဲ .. ပြီးတော့ သူက မင်းရဲ့ အပျော်ကောင်လေး မဟုတ်ဘူး ..စကားကိုပြင်.." စုမိသားစုဝင် တစ်ယောက်က ဒေါသတကြီး ဝင်ပြောလိုက်သည် ။
သို့သော် ထိုသူ၏ စကားအရှည်ကြီးအား စီရန်ယွီ နားထဲဝင်သွားသည့် အချိန်မှာတော့ " မင်းက ငါတို့ သခင်လေးကို လက်ထပ်ကို ထပ်ရမယ် " ဟုသာ ။
စီရန်ယွီ က ခပ်ဟဟရယ်လိုက်သဖြင့် လူတိုင်း ကြောင်အသွားကြသည် ။ စီရန်ယွီ က လှောင်ပြုံး တစ်ချက်ပြုံးလိုက်ရင်း " မမေ့နဲ့ .. စုယန်ချုး စုမိသားစုရဲ့ သခင်လေး မဖြစ်ခင်ကတည်းက .. ငါ သူ့ကို ဝယ်ထားတယ်ဆိုတာ .." သူက မျက်ခုံးတစ်ချက်ပင့်လိုက်ကာ မျက်နှာပျက်သွားသည့် စုမိသားစုဝင်များကို ကြည့်လိုက်သည် ။ " ပြောကြည့်ကြည့် .. ငါ့မှာ လုပ်ပိုင်ခွင့် ဘယ်လောက်ရှိလဲ ဆိုတာ .."
သူ့အကြည့်က အေးစက်သွားကာ " ရှေ့က စကားတွေအကုန်လုံး ဒီသခင်လေးက စုမိသားစု မျက်နှာကို ထောက်ထားသဖြင့် ပြောနေတာ .. တကယ်တမ်းကျ သူက ငါမလိုချင်တော့တဲ့ အရုပ်သာသာဘဲ ... နားလည်လား !!! "
" ရိုင်းလိုက်လေ!!! " စုယန်ချုး၏ အ‌စ်ကို ဆိုသူက စီရန်ယွီ အား လက်ညိုးထိုးလိုက်ကာ ပြောလိုက်သည် ။ " စီမိသားစုရဲ့ သဘောထားက ဒါလား !!!! ဘယ်လိုတောင် မိုက်ရိုင်းတာလဲ .. ဒီမှာ စီမိသားစုက အားကောင်းသလို ငါတို့ စုမိသားစုကလည်း အားမနည်းဘူး .. မင်းတို့ကို ကြောက်မယ်များ ထင်နေလား .. ပြီးတော့ မင်းတို့ဘက်က အရင် ကတိဖျက်တာ .. ငါတို့ကစာချုပ်အရ လုပ်ရမှာဘဲ .."