စီရန်ယွီ သူ့စကားကို လူတိုင်း မငြင်းပယ်နိုင်သည်ကို သိထားသောကြောင့် ယုံကြည်မှုရှိစွာပင် ‌ပြောကြားခဲ့သည် ။ စုယန်ချုး ရောက်ကတည်းက မူလကိုယ်နဲ့ ကောင်းမွန်သည့် အချိန်က မရှိသလောက်ဖြစ်ကာ အချိန်တိုင်းလိုလို စီယုရီနဲ့သာ တွဲတွေ့ရတတ်သည် ။ ဒီရက်ပိုင်းအတွင် အခြေအနေပြောင်းလဲခြင်းက သိပ်ပြီး မသိသာသေးသောကြောင့် အများအမြင်တွင် စုယန်ချုးနဲ့ စီယုရီ နှစ်ဦးကြားက ဆက်ဆံရေးက မတင်မကျအခြေအနေတွင် ရှိနေဆဲ ။
စုယန်ချုး မျက်နှာဖြူဖျော့သွားခြင်းကို မထိန်းလိုက်နိုင်ပေ ။ သူက စီရန်ယွီအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည် ။ သူ.. သူက ဘယ်လိုလုပ် ငါ့ကို အဲ့လိုလူဆီ တွန်းပို့နိုင်ရတာလဲ ..
" ရန်ယွီ.. ကျွန်တော်တို့က အဲ့လိုမဟုတ်ပါဘူး..." စုယန်ချုး၏ အသဲအသန်ပြောဆိုမှု အား စီရန်ယွီ က အထင်သေးစွာ ကြည့်လိုက်သည် ။ သူ့အကြည့်က သူ မယုံကြောင်း ပြောနေခဲ့သည် ။
စီထူနန်၏ အကြည့်က အနောက်နားတွင် စုယန်ချုးအား လွမ်းမောဖွယ်အကြည့်ဖြင့် ကြည့်နေသည့် စီယုရီနဲ့ မျက်နှာဖြူဖျော့နေသည့် စုယန်ချုး တို့အပေါ်တွင် ဖြတ်သွားသည် ။ သူက နောက်ကွယ်တွင် ဒီလို အဖြစ်အပျက်မျိုး ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ ။ သူရဲ့ လိမ္မာရေးခြားရှိသည့်  သားငယ်က အစ်ကိုဖြစ်သူရဲ့ ‌ဇနီးလောင်းနဲ့ ဒီလို ဆက်ဆံရေးမျိုး ပြုလုပ်လိမ့်မည်ဟု မထင်မှတ်ခဲ့ခြင်း ။ သူသာဆိုလျှင်လည်း သည်းခံနိုင်လိမ့်မည် မဟုတ်ပေ ။
သူက စီရန်ယွီ အား ပြောလိုက်သည် ။ " မပူနဲ့ .. မင်းတို့ လက်ထပ်ပွဲကို ဘယ်သူမှ လာမနှောက်ယှက်စေရဘူး . .. ဒီကောင်စုတ်လေးကို ငါ ထိန်းသိမ်းပေးထားမယ် " သူ့အသံက နှစ်သိမ့်နေပုံရကာ အလွန်စာနာထောက်ထားနေသည့်ဟန် ပေါက်နေသည် ။
စီရန်ယွီ :"..." လူအိုကြီး .. ဒီသခင်လေးက လက်ထပ်ပွဲ ဖျက်ဖို့ အကြောင်းပြချက်ပေးနေတာလေ .. လူမိုက်ငှားနေတာ မဟုတ်ဘူး !!!!
/ သခင်က အခု ဇာတ်လိုက် ဖြစ်နေပြီလေ .. / ရှောင်ထျန်းက တိုတောင်းကာ ထိရောက်သော စာတစ်ကြောင်းကို သာ ပို့လာလေသည် ။ လက်ရှိ သူက ဇာတ်လိုက် ဖြစ်နေသဖြင့် ဇာတ်ကြောင်းက တစ်နည်းမဟုတ် တစ်နည်း စုယန်ချုးအား သူ့ထံသို့ ထိုးထည့်ပေးနေမည် ဖြစ်သည် ။