Part(15)Unicode&Zawgyi

10.3K 226 2
                                    

Daddy's barbie
အပိုင်း(၁၅)

"ဒီမယ်...မောင်ရင်..မင်းသူငယ်ချင်း နစ်ကီ ရှိတဲ့နေရာကို ကိုယ့်ကိုပြောပြ မဟုတ်ရင် မင်းကို ရဲစခန်းမှာ ကိုယ်အမှုဖွင့်ရလိမ့်မယ်..."

"အောင်မာ...ခင်ဗျားက ဘယ်သူမလို့ ကျုပ်ကို လာချိမ်းခြောက်နေရတာလဲ...ခင်ဗျား အခုရောက်နေတာ ကျွန်တော့် အိမ်နော်...ခင်ဗျားကို အရင် ပိုင်နက် ကျူးလွန်မှုနဲ့ တရားစွဲလို့ရတယ် ဆိုတာ နားလည်ထား...."

"ဒီမယ် ကောင်လေး မင်းပြောမှာလား မပြောဘူးလား...အေးလေ မင်းမပြောချင်လည်းနေပေါ့...ခဏနေရင်ရဲတွေရောက်လာတော့မှာ..ငါရဲတွေကို အကြောင်းကြားထားပီးပီ...အဲ့ချိန်မှပဲ ပြောပေါ့.. "

"ခင်ဗျား...ဗျာ..."

သူ့အိမ်ပေါ်လည်း တက်လာသေး။ လူကိုလည်းခြိမ်းလားခြောက်လား လုပ်သေး။ နစ်ကီက သူ့ကို သေချာမှာထားပီးသားသူ့အစီအစဥ်တွေကို ဘယ်သူ့ကိုမှ မပြောပြထားဖို့။ သူ့သူငယ်ချင်းအတွက်သူ ဒီလောက်တော့ လုပ်ပေးနိုင်ပါသည်။ အနီးနားရှိ ပန်းအိုးကိုယူကာ သူ့ကိုလာခြိမ်းခြောက်နေတဲ့ သူရဲ့ခေါင်းတည့်တည့်ဆီသို့ ပစ်ပေါက်လိုက်လေသည်။ သူအရှိန်နဲ့ ပစ်ပေါက်လိုက်တဲ့ဒဏ်ကြောင့် တစ်ခဏအတွင်းမှာပင် ခေါင်းက သွေးတွေ စီးကျလာလေသည်။ ဒါတောင်ထိုလူက ဇွဲမလျှော့သေး။သူ့အနားကိုတိုးလာကာ လက်သီးစာကျွေးလေတော့ ကိုယ်လဲ တစ်ပြန်တစ်လဲ ပြန်ကျွေးရသည်။ သူအသာစီးရလိုက် ကိုယ်အသာစီး ရလိုက်နှင့်ပင်။

"ပြောစမ်း...ခွေးမသား...မင်းသူငယ်ချင်း နစ်ကီ ဘယ်သွားလဲ...သူရှိတဲ့နေရာ ကိုငါ့ကို ခုချက်ချင်းပြောပြစမ်း မဟုတ်ရင် မင်းကို ဒီနေရာမှာတင်အသေ သတ်မိလိမ့်မယ်".

"အဟားး ဟုတ်မှလဲ လုပ်ပါဗျာ ....အခုလောလောဆယ်တော့ ခေါင်းပေါက်ထားတာက ခင်ဗျား.ပါ...ခင်ဗျား လာရာလမ်းအတိုင်းလှည့်ပြန်လိုက်..မဟုတ်ရင်တော့ ကျုပ်အဆိုးမဆိုနဲ့...နစ်ကီရှိတဲ့နေရာကို ကျူပ်မသိဘူး..."

"မင်း..$ပိုတွေ မပြောစမ်းနဲ့ ခွေးကောင် မင်းနဲ့နစ်ကီအကြောင်းတွေ ငါအားလုံးစုံစမ်းပီးပီ...နစ်ကီ့ဆီမှာ သူမြန်မာပြည်ပြန်လာတိုင်း အရင်းနှီးရဆုံးသူငယ်ချင်းဆိုလို့ မင်းပဲရှိတာ...ငါအကုန်သိပီးသား...ငါ့ကိုနစ်ကီရှိတဲ့နေရာကို ပြောပြစမ်း ...."

Daddy's Barbie{Complete}Where stories live. Discover now