Part(14)Unicode&Zawgyi

13.1K 220 5
                                    

(Unicode)
                  Daddy's barbie
                     အပိုင်း(၁၄)

ဆေးခန်းကပြန်ရောက်ပီး ရေချိုးခန်းထဲဝင်ရန်လုပ်တော့ စားပွဲပေါ်က ဖုန်းကမြည်လာသည်။သူတစ်ချက်ပြုံးလိုက်ပီး ဖုန်းကိုကောက်ကိုင်လိုက်သည်။ ဒီအချိန်ဆို မီးငယ် သူ့ဆီ ဖုန်းဆက်နေကျပင်။မီးငယ်မဆက်ရင်လည်း သူကပဲဆက်သည်။အခုတော့ မီးငယ်ကအရင်စောပီး ခေါ်လာသည်မို့။

"ဟုတ်ကဲ့...အမိန့်ရှိပါခင်ဗျ..."

"ဦး ဘာလုပ်နေတာလဲဟင်"

"ဦးရေချိုးတော့မလို့ ကလေးရဲ့...ခုနကမှ ပြန်ရောက်တာ.... မီးငယ်ရော ဘာလုပ်နေလဲ..."

"မီးငယ်က စာလုပ်နေတာ ဦးရဲ့.."

"အင်း..အင်း..ဟုပီ လိမ်မာတယ် ဦးကလေးလေးက.."

တကယ်တော့ သူမ ဇာတ်ကားကြည့်နေတာပါ။ဒီနေ့က ကျောင်းလစ်ထားတဲ့အတွက် ဘာစာလုပ်လို့လုပ်ရမှန်းမသိ..စာလုပ်ချင်စိတ်လဲမရှိ။ဦးသိရင်အဆူခံရမည်မို့ လိမ်ပြောလိုက်ရခြင်းသာ။
ဦးရဲ့ စကားပြောတဲ့ လေသံကို ကြားရတာတော့ ကြည်လင်နေတာပဲ။ဒီပုံအတိုင်းဆို နေ့လည်က ကိစ္စ အကိုထုဋ်ခေါင် ပြန်မတိုင်တော့ဘူးဟုယူဆရမည်။တော်ပါသေးသည်။ခုမှပဲ သူမရင်ထဲက အလုံးကြီး ကျသွားပြီ။

"ဦး..."

"ဗျာ.."

"မီးငယ်လေ ဦးကို အရမ်းလွမ်းနေတာ သိလား..
ဦးကရော...မီးငယ်ကို လွမ်းဘူးလား.."

ဒီကောင်မလေးစတင်ချွဲနေပါပီ။ဘာတွေပူဆာအုံးမလဲ မသိ။သူလိုချင်တာ တစ်ခုခုရှိနေလို့ဆိုတာ သူသိလိုက်​ပြီ။

"အရမ်းလွမ်းတာပေါ့ဗျာ...ဦးက မီးငယ်ကို မလွမ်းပဲနေပါ့မလား..."

"အပိုတွေပါ...ဦးလျှောက်ပြောနေတာ..ဟွန့်..."

"ကလေးရယ်.. ဦး က တကယ်ပြောနေတာပါကွာ..ဦးကိုယုံနော်...ဦး တနေကုန် မီးငယ်ကို အရမ်းလွမ်းနေတာ...."

"ဟွန့် ...ယုံပါဘူး...".

"ယုံလိုက်ပါကွာ..."

"အွန်း..နဲနဲလေးတော့ ယုံပေးမယ်..."

"အများကြီးယုံပေးလိုက်ပါကွာ..နော်..."

"အ့ဆို ဘာပေးမှာလဲ ပြော..."

Daddy's Barbie{Complete}जहाँ कहानियाँ रहती हैं। अभी खोजें