Part(9)unicode&zawgyi

11.2K 269 5
                                    

Daddy's barbie
အပိုင်း(၉)

သူမတို့ ထမင်းစားပီးသည်နှင့် ocean ပတ်ကြသည်။ဦးကလည်း ခုချိန်ထိ သူမကို စကားမပြောပေ။ သူမကလည်း မျက်နှာကိုသာ အတင်း စူပုတ်ထားသည်။ တစ်စက်လေးမှအလျှော့မပေး။သူတို့နှစ်ယောက် အဆင်မပြေသည်ကို သိ​ေနသည့် မေရီကပဲ အလိုက်တသိနှင့်.....

"မီးငယ်တို့...ဘာစားချင်ကြသေးလဲ..မမဝယ်ကျွေးမယ်လေ..."

"ဟုတ်..ရပါတယ် မမ ခုနကမှ ထမင်းစားလာတော့ မီးငယ်တို့ဗိုက်မဆာလို့ပါရှင့်"

မီးငယ်လည်း ဘေးကပြည့်ပြည့်ကို မေးငေါ့ကာ စစ်ကူခေါ်လိုက်တော့ ပြည့်ပြည့်ကလည်း...

"ဟုတ်တယ်မမရဲ့..ပြည့်ပြည့်တို့မစားတော့ပါဘူး..အဟီး..."

"သူတို့မစားလဲ ကျွန်တော်စားမယ် မမ..ဟိုနားက ဆိုင်ထဲက ဟန်ဘာဂါ နဲ့ Bubble teaဝယ်တိုက်...."

အလိုက်မသိတဲ့ထုဋ်ခေါင်က ဝင်ပြောလာသည်မို့
မေရီက...ဆရာနဲ့မီးငယ်ကို တစ်လှည့်စီကြည့်ကာ မျက်နှာရိပ်မျက်နှာကဲ ပြလိုက်သည်။ထုဋ်ခေါင်ကလည်း မရဘူး ဝယ်ကျွေးရမှာပဲ ဆိုသည့် အကြည့်နှင့် မျက်လူံးကိုအနည်းငယ် ပြူးပြသည်။ဒီကောင်လေးက အမကိုဆို ရွယ်တူလိုပဲ သဘောထားဆက်ဆံတတ်သည်။သူဆိုးချင်တိုင်းဆိုးသည်။ထုဋ်ခေါင်က ဘာမှအရိပ်အကဲမသိ သူလုပ်ချင်ရာသာတဇွတ်ထိုးလုပ်တတ်သူ။ ဆရာနဲ့ မီးငယ် ခုလိုဖြစ်နေတာ သူတို့မောင်နှမ ပယောဂလဲ ပါတာကြောင့် စိတ်မကောင်းဖြစ်မိသည်။

"ကဲပါ..အ့ဆိုလဲ..မီးငယ်တို့လဲ တစ်ခုခုသောက်ရအောင်..ခဏဝင်ထိုင်ကြမယ်လေနော်..."

"ဟုတ်ကဲ့ မမ"
သူမတို့နှစ်ယောက် လည်း ငြင်းလို့ မကောင်းတော့သည်မို့ လိုက်ခဲ့ရလေသည်။ဟိုလူကြီးနဲ့ ဘုန်းပြည့်နိုင်ကတော့ ဘာမှဝင်မပြော၊တိတ်တဆိတ်သာ သူတို့နောက်လိုက်ခဲ့လေသည်။

Ocean မှာ တက်ကြွစွာ အဝတ်အစားတွေရွေးနေသူတွေက မေရီနဲ့ ပြည့်ပြည့်ပင်။

"မမမေရီ...ဒါလေးလှတယ်...မမနဲ့ဆိုအရမ်းလိုက်တယ်.."

"ဟင်..ဟုတ်လား..ပြည့်ပြည့်..အ့ဆို..မမ ယူလိုက်တော့မယ်နော်..."

Daddy's Barbie{Complete}Where stories live. Discover now