Part(12)Unicode&zawgyi

9.9K 237 5
                                    

Daddy's barbie
အပိုင်း(၁၂)

"မမ...မေးစရာရှိလို့..."

သူမနှင့် ဆို ဘယ်တော့မှ မျက်နှာချင်းမဆိုင်။ဆိုင်ခဲ့လျှင်လည်း ကြောင်နဲ့ကြွက်လို တကျတ်ကျတ် သတ်နေသည့် တအူတုံဆင်း မောင်လေးက မေးလာသည်မို့...ဒေါ်မေရီအောင်ရဲ့ မောင် အစစ်မှ ဟုတ်ရဲ့လား လို့ပင်တွေးမိလေသည်။

"အံမယ် အထူးအဆန်း လုပ်လို့ နင်ကများ...ကဲ ဘာမေးမှာလဲ မေးး...."

"ဒီလိုလေ အဲ့ ဒါက...ဟိုဟာလေ..."

"ဟက်...ဟိုဟိုဒီဒီနဲ့ဟယ်..ဘာဖြစ်နေတာလဲ...ပြောစရာရှိတာပြော...ငါ အချိန်မရှိဘူး...ဆေးခန်းသွားရအုံးမယ်..."

"ပီးခဲ့တဲ့ အပတ်က လေ...လျှောက်လည်တုန်းက ပါလာတဲ့ ကောင်မလေးတွေက ဘယ်သူတွေလဲဟင်...."

"အံမယ်...နင်က သိတော့ ဘာလုပ်မလို့လဲ..."

"ပြောမှာသာ ပြောစမ်းပါဗျာ...မမကလဲ..."

"အမယ်လေးဟဲ့ သူကပဲ စိတ်မရှည်တယ်ရှိရသေး...အဲ့ဒါ ငါ့ဆရာရဲ့ဇနီးနဲ့ သူ့သူငယ်ချင်းပဲ...."

"ဟင်...ဆရာတောင် မိန်းမရသွားပီပေါ့...အေးပေါ့လေ..သူလည်း..အသက် က ကြီး နေပီဆိုတော့ ဆေးပေးမီးယူလေးဘာလေး ရှာတော့မပေါ့...ဒါနဲ့ အဲ့နေ့က သရဲအိမ်ထဲကိုဝင်တော့ မမနဲ့လက်တွဲထားတဲ့ တစ်ယောက်က သူ့မိန်းမပေါ့..ဟုတ်လား "

"အေးလေ..အဲ့ဒါ သူ့မိန်းမ ပဲ.နမည်က ပိုးမီမီငယ်.. ဘေးက သူ့သူငယ်ချင်းနမည်က ပြည့်ပြည့် လို့တော့ခေါ်ကြတာပဲ....နင်ကလေ..အဲ့နေ့က ဒီလောက်ပြသနာဖြစ်နေတာတောင် အရိပ်အကဲ နားမလည်ဘူးနော်..."

"အင်းပါ..ဟုတ်ပါပီ...ကျွန်တော် နားမလည်ဘူးပဲ ထားလိုက်ပါတော့ ...သိချင်တာ သိရပီ သွားတော့မယ် မမရေ..တာ့တာ.."

ထုဋ်ခေါင် သူသိချင်တာ သိရတော့ မမကိုနှုတ်ဆက်ကာ ဇွတ်ထွက်ခဲ့လေတော့သည်။ တကယ်တော့ အဲ့နေ့က သူ့ရင်ခွင်ထဲကို ဝင်ခိုနားသွားတဲ့ ကောင်မလေး အကြောင်းကို သိချင်တာ ဖြစ်သည်။ အစက ဘယ်တစ်ယောက်က ဦးမြတ်ကိုကိုသော် ရဲ့ဇနီးလဲ သူမှန်းလို့မရ။ လူကဲခတ် ညံ့သည်ပဲ ပြောရမည်။ သူ့ ရင်ထဲကို ဝင်လာတဲ့ ကောင်မလေး က ဆရာ့ဇနီး မဟုတ်ပါစေနဲ့ လို့ပဲ ဆုတောင်းနေရသည်။ငါးပါးသီလ ထဲမှာ အခြားအရာတွေသာ မလုံချင်မလုံမယ်၊ ကာမေသု ကံကိုတော့ သူစောင့်ထိန်းပါသည်။ ခုတော့ သူ့ဆုတောင်းတွေ ပြည့်ဝသွားခဲ့ပါပြီ။သူမနာမည်လေးကိုပါ သိခဲ့ရလေတော့ သူအတိုင်းထက်အလွန် ပျော်နေမိသည်။

Daddy's Barbie{Complete}Dove le storie prendono vita. Scoprilo ora