Draco နဲ့ Harry နှစ်ယောက် စကားပြောနေရင်းဖြင့် Grace ရှိသေးသည်ကို သတိရလိုက်သောကြောင့် နှစ်ယောက် လှည့်ကြည့်လိုက်တော့ ကိုယ့်အတွေးနှင့် ကိုယ် ပြုံးနေသည်ဟု ထင်ရသော Grace ကို တွေ့လိုက်ရသည်။ ဘာတွေ တွေးနေတာလဲတော့ မသိပေမဲ့ သူ့ရုပ်ကတော့ ကျေနပ်နေသည့် ရုပ်နှင့်ပင်။ သူစိုက်ကြည့်နေသည့် နေရာကို ကြည့်လိုက်တော့ ဒီတိုင်း ကန်ရေပြင်ကြီးသာ ဖြစ်သည်။ ဘာတွေ တွေးနေလို့ အဲ့လောက်တောင် ပြုံးနေလဲမသိ။ တစ်ခုကတော့ သူ့ Daddy ခေါ်ထားသေးသည်ကို မေ့သွားပြီ ထင်ပါရဲ့။ ထို့ကြောင့် သူ့မျက်နှာရှေ့ကနေ လက်ကို ကာလိုက်တော့လည်း အကြည့်မပျက်။ မျက်တောင်လေးတောင် မခတ်။ ထို့ကြောင့် လက်ကို အသာ ရိုက်လိုက်သည်။ အဲ့ဒါလည်း သိပုံမပေါ်။ ထို့ကြောင့် သူ့နားနားကပ်ပြီး ရှိသမျှ အားတွေ စိုက်ထုတ်ကာ

"Grace!!!"

"ဘာလဲ ဖြေးဖြေး သက်သာ အော်ပါ ကြားရပါတယ် ဘာလို့ စွတ်တွေ အော်နေတာလဲ သူများနားလေးကို"

"နင့် Daddy ခေါ်ထားတာ မသွားတော့ဘူးလား"

"အမ် အဲ ဟုတ်သား မေ့သွားတယ်"

"သွားလိုက်ဦး ပြောခံနေရမယ်"

"အာ့ဆို နင်တို့ စကားဆက်ပြောကြနော် ငါ သွားတော့မယ် Daddy ဆီကို သွားပြီနော် byee"

"Bye bye Grace"

"Grace နင် လမ်းရော မှတ်မိရဲ့လား"

"မှတ်မိတာပေါ့ ဘာလို့ မမှတ်မိရမှာလဲ နင်တို့သာ အေးအေးဆေးဆေး စကားပြောကြ သွားပြီ"

သူတို့ကို နှုတ်ဆက်ပြီး Grace ထွက်လာလိုက်သည်။ ရဲတိုက်ထဲကို ရောက်တော့ စစချင်းတော့ မှတ်မိနေသေးသည်။ နောက်တော့ တဖြည်းဖြည်း လည်လာသည်။

*နေ့လည်ကတောင် ထမင်းစားခန်းကို ​ရောက်အောင်သွားနိုင် အဲ တခြားလူတွေနောက် ပြေးလိုက်သွားလိုက်တာပဲ*

မေးစရာလူကလဲ မတွေ့။ တွေ့တဲ့သူတွေကလည်း ကိုယ့်ကို ​ရှောင်သွားကြသည်။

*ငါ့ပုံက ကြောက်စရာကောင်းနေလို့လား ဇွတ်တွေ ​ရှောင်နေကြတယ် လမ်းက အကျယ်ကြီးပါ ဝင်တိုက်မိမှာလည်း မဟုတ်ပဲနဲ့*

I was transmigrated into Harry Potter's WorldWhere stories live. Discover now