****
" ဘာ!!! လူသေပြန်ပြီ .. အရင်နှစ်မှုတောင် မပြီးသေးဘူး .. ဒီ တစ်ပတ်အတွင်း သုံးမှုတောင် ရှိပြီကွ.. သုံးမှု!!! လူ့အသက်သုံးချောင်း !!! အခုထိ ဘယ်အမှုရဲ့တရားခံ အကြောင်းကိုမှ မလိုက်နိုင်သေးဘူး .."
လုယွမ်က ပရိုဂျက်တာတွင် ပြထားသည့် လူသေပုံများကို ကြည့်ရင်း ဒေါသထွက်နေသည့် စခန်းမှူးအား ပြောလိုက်သည်။
" ဆရာ .. ကျွန်တော်က ဒီသုံးမှုလုံး ဆက်စပ်နေမယ်လို့ ယူဆပါတယ်.. တရားခံက တစ်ယောက်တည်း !! " လုယွမ်၏ အပြောကြောင့် စခန်းမှူး၏ အကြည့်က လုယွမ် ထံသို့ ဒိုင်းခနဲ ရောက်သွားသည် ။ သူ့မျက်လုံးများက ဘယ်လောက်တောင် ဒေါသထွက်နေသလဲ ဖော်ပြနေသည် ။ သူ့နယ်မြေတွင် လူသတ်မှု ခနခနဖြစ်နေသည့်အပြင် တရားခံ၏ ခြေရာကိုတောင် မမိသဖြင့် အထက်က သူ့ရာထူးအား မေးခွန်းထုတ်လာပေမည် ။
လုယွမ်က ခလုတ်ကို နှိပ်လိုက်ရာ ပရိုဂျက်တာတွင် ပုံတစ်ပုံကို ပြလာခဲ့သည် ။ အစည်းအဝေးရှိ မိန်းကလေးများ ပါးစပ်အုပ်ကာ ချက်ချင်းပင် အပြင်ကို ပြေးထွက်လိုက်ရပြီး ယောင်္ကျားလေးများပင် အကြည့်လွဲလိုက်ရသည် ။ တစ်ယောက်က လုယွမ်အား ပြောလိုက်သည်။
" ခေါင်းဆောင်!!! ခများ ဘာလုပ်တာလဲ .. အဲ့ပုံကြီး ပြောင်းလိုက်စမ်းပါ .. "
ပုံထဲတွင် လူ‌သေတစ်ယောက်၏ ဦးခေါင်းပုံကို ပြထားခဲ့သည် ။ ထိုလူသည် မသေခင်က ဘယ်လောက်တောင် ခံစားခဲ့ရမလဲ ပုံကြည့်ကာ သိနိုင်လေသည် ။ ဦးနှောက်တစ်ခုလုံး ‌မွှေနှောက်ခံထားရသည့်အလားပင် ။ ဆရာဝန်၏ ပြောကြားချက်အရ ထိုဒဏ်ရာများကို လူတစ်ယောက် အသိစိတ်မဆုံးရှုံးခင် ပြုလုပ်ထားခြင်းပင် ။
ဆိုလိုသည်က ထိုလူသည် မသေခင်က ဦးနှောက်အား အရှင်လတ်လတ် ခွဲခံထားရခြင်း ..
တွေးကြည့်ရုံနဲ့တင် ကြက်သီးထစရာကောင်းလှသည်..
လုယွမ်၏ အကြည့်က တမျိုးဖြစ်သွားကာ တခြားပုံကို နှိပ်လိုက်သည် ။ ထိုပုံသည် အလွန်ဆိုးရွားသော်လည်း ခုနက ပုံလောက်တော့ မဆိုးရွားသေးပေ ။ မတူညီသည်က ခုနက ပုံသည် ဦးနှောက်ကို မွှေနှောက်ခံထားရခြင်း ဖြစ်ပြီး အခုပုံသည် လက်က အကြောများကို သေချာ စနစ်တကျ ဖယ်ရှားခံထားရခြင်း .. ။