အန်းမှုက သူမရဲ့ မှေးလေးကို မော့ကာ တစ်ချက်နမ်းလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည် ။ " တောင်းပန်ပါတယ် အလှလေးရယ်.. ကိုယ်စိတ်မထိန်းနိုင် ဖြစ်သွားတယ် .."
မုန့်ယိရှင်းက ချော့မော့သည့် စကားကြောင့် ဟွန့် ခနဲ တစ်ချက်အသံပြုလိုက်ပြီး သွေးသံရဲရဲ မြင်ကွင်းကိုသာ အကြင်နာမဲ့စွာ ကြည့်လိုက်တော့သည် ။ " ရှီးလန်ကောကော က အချိန်မီရောက်လာရင် အကောင်းဆုံးဘဲ .. အဲ့ဒီလူတွေကို တစ်စက္ကန့်လေးတောင် အသက်ရှင်လျက် မမြင်ချင်တော့ဘူး "
အန်းမူက မုန့်ယိရှင်း၏ နဖူးလေးအား အသာတောက်လိုက်ကာ " အဆိုးလေး .. ကိုယ်ရှေ့မှာ အခြားတစ်ယောက်အကြောင်း မပြောရဘူးလို့ သဘောတူထားတယ်လေ .."
" ခစ်.. ခစ်.. ခစ်.. အဲ့ဒါ ရှင်ခုနက ကျွန်မကို နာကျင်အောင် လုပ်လို့ အပြစ်ပေးတာ .." နှစ်ယောက်သား ကြည်နူးနေချိန် မြို့တံခါးသည် ဖွင့်သွားခဲ့ပြီး ချောမောသည့် လူငယ်တစ်ယောက်က ဦးဆောင်ကာ စစ်တပ်တစ်တပ်ဖြင့် ဦးဆောင်လာခဲ့သည် ။
အန်းဇယ်ရီက ထိုမြင်ကွင်းကြောင့် နူတ်ခမ်းတောင့်စွန်းများ မြင့်တက်သွားခဲ့သည် ။ သူက လက်ကို လှုပ်ရှားလိုက်ချိန် ဖန်သားပြင်တစ်ခုပေါ်လာလေသည် ။ ထူးဆန်းသည့် သင်္ကေတများသည် သူ့အရှေ့တွင် အလွယ်ကူဆုံး အက္ခရာများအလားပင် ။ ခလုတ်များကို လျင်မြန်စွာ ဖြေရှင်းပြီးချိန် တွင် သူ့အပြုံးက ပိုလို့အသက်ဝင်လာလေသည် ။
' ပုံရိပ်ယောင်လေးတွေက ငါနဲ့ လာယှဉ်ချင်တာလား .. ဒီအဖေက မင်းတို့ကို တီထွင်ခဲ့တာကွ '
ထိုဖြစ်ရပ်ပြီးနောက် တိုက်ခိုက်နေသည့် လူတိုင်း ထူးဆန်းသည့် အခြေအနေကို ကြုံတွေ့လိုက်ရသည် ။ ရန်သူများသည် သူတို့ ဘယ်လောက်တိုက်ခိုက်တိုက်ခိုက် တိုက်ခိုက်မှုများသည် တဖက်လူအပေါ် မည်သို့မှ မသက်ရောက်ကြောင်း ရှာဖွေ့တွေ့ရှိသွားပြီး တဖက်က ဓားလေးမြောက်‌လိုက်တာနဲ့ သူတို့က ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားခဲ့ကြသည် ။
အန်းမူ၏ အာရုံက တိုက်ပွဲသို့ ပြန်ရောက်ချိန် သူမြင်လိုက်ရသည်က တဖက်သတ် သတ်ခံနေရသည့် တော်ဝင်ရဲမက်နဲ့ ရှီးလန် ခေါ်လာသည့် စစ်သည်များကိုပင် ။