" အို.. ဧကရာဇ် က တော်တော်အားစိုက်ထုတ်ထားပုံဘဲ .. တော်ဝင်နန်းတော်မှာ လူကျန်သေးရဲ့လားမသိဘူး .. အခုချိန် နန်းတော်ကို ထပ်သွားတိုက်ရင် အရင်တစ်ခေါက်ထက် တော်တော်လွယ်ကူမှာဘဲ .." အန်းဇယ်ရီက တီးတိုးရေရွတ်လိုက်သည် ။
ရှောင်ထျန်း:"..." အရင်ဆုံး ဒီပြဿနာလေး အရင်ရှင်းပါဦး .. ပြဿနာရှာဖို့ချည်း တွေးမနေနဲ့ ..
တိုက်ပွဲသည် စတင်လာခဲ့ပြီး .. ဧကရာဇ်ဘက်က လူအင်အား ပိုများလေသည် ။ သို့သော်လည်း တစ်ဖက်က ရန်သူများ က ဓားတစ်ချက်ယမ်းလိုက်သည်နဲ့ လူအတော်များများ ပြုတ်သွားလေသည် ။ အထူးသဖြင့် ကျန်းနင်ရှိသည့် ဘက်ခြမ်းတွင်ပင် ။ ကျန်းနင်၏ ဓားသွားက ရဲမက်များကို ကောက်ရိတ်သလို သတ်ဖြတ်နေခဲ့သည် ။ သူ့ဘေးပတ်လည်တွင် မမြင်နိုင်သည့် ချီတစ်စွန်းတစ်စကို တွေ့နိုင်ပေသည် ။
ပထမတစ်ခေါက် ချီဝမ်ရယ်သည် အကြောင်းအရင်းမသိရသည့် ရောဂါကြောင့် သေမလိုဖြစ်ခဲ့သည် ။ ဒုတိယ ဝမ်ရယ်အိမ်တော်ထက်တွင် ကြီးမားသည့် ခရမ်းရောင် လျှပ်စီးမိုးကြိုးကြီး ပေါ်ထွက်လာပြီး ပျောက်သွားသည် ။ ယခုတစ်ခေါက် ဝမ်ရယ်အိမ်တော်ပတ်လည်တွင် စစ်သည်များ ဝန်းရံကာ သွေးသံရဲရဲ တိုက်ပွဲဖြစ်နေပြန်ရာ မြို့နေလူထုမှာ အံ့ဩထိတ်လန့်ရလွန်းသဖြင့် ထုံပင် ထုံနေလေသည် ။
တဖက်တွင် အန်းမှုက ကျန်းနင်နဲ့ အန်းဇယ်ရီကို ကြည့်ရင်း သူ့ထင်မြင်ချက် ပိုပိုသေချာလာပြီး အမျက်ထွက်လာကာ ရင်ခွင်ထဲက မုန့်ယိရှင်း၏ လက်မောင်းလေးအား ဖျစ်ညစ်မိလိုက်တော့သည် ။ သူ့လူများဖြစ်သည့် စီမာအိမ်တော်သည် ရတနာအတုဖြင့် လှည့်စားသည်ဟု စွပ်စွဲခံရကာ ပွဲနေ့မှာပင် သိုင်းလောကမှ လူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည် ။ စီမာအိမ်တော်ကို ဆုံးရှုံးရခြင်းက သူ့ညာလက်တစ်ဖက် ဆုံးရှုံးသွားသလိုပင် ။ အခု အန်းဇယ်ရီဘက်က သိုင်းပညာရှင်များ ဘယ်လောက် အသုံးဝင်သလဲဆိုတာ မြင်ရချိန် နှလုံးသားထဲ သွေးယိုစိမ့်လာသလိုပင် ။
" အာ့... နာတယ်.." အမျက်ဒေါသကို ထိန်းချုပ်ထားသော်လည်း အလွန်ဒေါသထွက်နေသဖြင့် လက်သို့ အားထည့်မိသွားကာ မုန့်ယိရှင်း၏ လက်မောင်းလေးအား ချိုးမိတော့မလိုပင် ။