အပိုင်း (၉)

Start from the beginning
                                    

"အဝန်းရှိတယ် သက်လျာ။
မင်း ကိုယ်မင်း ထိန်း..."

"ဘာထိန်း ရမှာလည်း ငါဘာလုပ်နေလို့လဲဟ။
ဟေ့ကောင် မင်း မလှိမ့်တပတ်တွေမလုပ်နဲ့နော်။ အဆောင်ကိစ္စကို အခုရှင်း။ အခုရှင်း...."

"ငါက ဒီတိုင်း"

"ဘာဒီတိုင်းလဲ ဟေ့ကောင်။
မင်း အတွေးကို ငါမသိဘူးမထင်နဲ့။
မင်း ငါ့လက်က လွတ်မယ်ထင်နေရင် မှားမယ်..."

ကြည်သာ့ ရင်ဘက်ကို လက်သီးဖြင့် ခပ်ပြင်းပြင်း တစ်ချက်ထိုးရင်း မာန်လေတော့ ကြည်သာ့မှာ မျက်နှာရှုံ့မိသည်အထိ အီစိမ့်သွားရလေသည်။

"....."

"အပိုတွေနဲ့ ကွာ။ မင်းတော့....."

ကြည်သာက ဘာမှမပြောပဲ နေလေလေ သက်လျာမှာ ဒေါသထွက်လေလေနှင့် နောက်ဆုံး ကြည်သာကပဲ အေးသက်စွာနှင့် အနိုင်ရသွားခဲ့လေသည်။

လက်လျော့လိုက်ရသူက သက်လျာပင်။
"ငါ့ကို မမြင်ချင်တော့လို့မလား။
ငါပဲ အဆောင်ပြောင်းမယ်။ ဟိုကောင် ရောင်နီဝန်း ပစ္စည်းသိမ်းပြီး ငါ့အဆောင်ကို လာပို့...."

ဒေါကြိီးမောကြီးနှင့် ပြောသွားသည့်အတိုင်း ရောင်နီဝန်းသည် ချက်ချင်းပင် သက်လျာအခန်းသို့သွားပြီး သက်လျာပစ္စည်းတွေကို သိမ်းသည်က ညနေဘက်မှာ သက်လျာရဲ့ ပစ္စည်းတွေကို သက်လျာအရင်နှစ်တွေက နေခဲ့သည့် အဆောင်ဆီသို့ မြင်းလှည်းငှားကာဖြင့် အရောက်ပို့ပေးခဲ့လေသည်။

အပြန်ကိုတော့ မြင်းလှည်း ထပ်မငှားတော့ပဲ အပင်ရိပ်ကိုခိုကာ အေးသက်စွာနှင့်ပင် လမ်းလျှောက်ပြန်ခဲ့လိုက်သည်။

"အကို...."

"ဘယ်သွားမို့လဲ သော်။"

"အခွေသွားဝယ်ရင် ကောင်းမလားလို့တွေးပြီး ထွက်လာတာပဲ။ ဒါပေမယ့်လည်း အခုတော့ အကိုနဲ့တွေ့ပြီဆိုတော့ အိမ်ပဲ ပြန်လိုက်မယ်လေ..."

"မဟုတ်တာပဲ သော်ရ။ သော်သွားစရာရှိတာ သွားပါကွာ။ ကိုယ်လိုက်ခဲ့ပေးရမလား။"

"ရပါတယ်ဗျာ။ အရေးတကြီး လိုချင်တာမျိုးလည်း မဟုတ်ပါဘူး။ ဒီတိုင်းပျင်းပျင်းရှိလှလို့ ထွက်လာတာပါ"

လွမ်းလို့ တသသ / လွမ်းလို့ တသသ (Completed)Where stories live. Discover now