အပိုင်း ၁

4.2K 121 29
                                    

လူချမ်းသာများသာနေကြသော ရပ်ကွက်ကြီးတစ်ခုထဲတွင်ဖြစ်သည်။အိမ်ကြီးများက နီးကပ်နေသော်လဲ အပ်ကျသံပင်မကြားရ။သို့သော် ထိုရပ်ကွက်၏အစွန်ဆုံးရှိ အတော်ကျယ်ဝန်းသောခြံကျယ်ကြီးထဲတွင်မူ

    *ဒုန်း*

    *ခွမ်း*

    "ဟာ သခင်လေး...ရရဲ့လား.."

ပြတင်းမှန်ကိုတည့်တည့်ထိမှန်သွားရုံမက မှန်ပါကွဲပြီး အိမ်ထဲဝင်သွားသောဘောလုံးရှိရာဆီ တစ်ချက်ကြည့်ကာ မြတ်မျိုးရိုးလေး နှာခေါင်းရှုံ့လိုက်သည်။

     "ဟင်း...ဖေဖေ့အိမ်က ပြတင်းမှန်ကလဲပျော့လိုက်တာ...ဘောလုံးနဲ့ကန်မိရုံနဲ့ကွဲရတယ်လို့..."

    "မင်းကလူလိုသူလိုကန်တာမှမဟုတ်တာကွ..."

အသံရှင်သည် အသားဖြူဥကာ အရပ်ရှည်ရှည်ကောင်ငယ်လေးတစ်ယောက်ဆီကလာခြင်းပင်။ထိုကောင်ငယ်လေးသည် သူ၏ရွှေကိုင်းမျက်မှန်လေးကိုပင့်ကာ

    "မင်းလဲ...ငါတွေ့လိုက်ရင် အမြဲ ကွဲပြဲနေတာပဲ. ."

    "ဟ...အခုဟာက ငါ့လဲမထိခိုက်မိဘူးလေ..အရုဏ်ရ..."

    "ပြတင်းမှန်တော့ကွဲသွားတယ်မလား??...လာစမ်းပါကွာ...ဒန်းပေါ်လာထိုင်နေ...ငါ အိမ်ကနေ ကြက်မောက်သီးယူလာတယ်..စားမယ်မလား.."

ကြက်မောက်သီးအလွန်ကြိုက်သည့် ၆နှစ်သားလေး မြတ်မျိုးရိုးသည် သူငယ်ချင်းဖြစ်သူ အရုဏ်၏စကားကိုကြားသည်နှင့် ဒန်းပေါ်သို့အပြေးအလွှားထိုင်လျက်သား။

ထိုအရာကိုမြင်သော် အရုဏ်က ရယ်ကာ

    "အဟက်..ချောကလက်တုံးလေးက ကြက်မောက်သီးကြတအားကြိုက်တာပဲလား..."

    "မင်းပဲချောကလက်နေ...မင်းတစ်မျိုးလုံးပဲချောကလက်နေလိုက်...တီမေကပြောတယ်..ငါ့အသားကမမည်းဘူးတဲ့ ညိုဝင်းနေတာတဲ့..ညိုချော...ငိုပြောတောင်မရဘူးကွ..."

    "ဟားဟား...မင်းလိုမဲလုံးလေးကိုလဲ ဘယ်သူကမှ လိုချင်လို့ပါဆိုပြီးငိုပြောမှာမဟုတ်ပါဘူး..."

    "အေးပါ...အေးပါ...ကြက်မောက်သီးမျက်နှာကြောင့် ငါခွင့်လွှတ်လိုက်မယ်...ကဲ ပြော...ဘယ်မှာလဲ ကြက်မောက်သီးက"

𝙵.𝚘.𝚛.𝚎.𝚟.𝚎.𝚛 𝙼.𝚒.𝚗.𝚎 [🅤🅝🅘+🅩🅐🅦]Where stories live. Discover now