Part (25) Uni/Zawgyi

Start from the beginning
                                    

ဆိုကာ ဖုန်းချပစ်လိုက်၍ power offပါလုပ်ပစ်လိုက်၏ ။လင်းယောင် သက်ပြင်းချလိုက်ပြီးမနက်မှပဲ ထပ်လာတာပေါ့ သူလည်း ပင်ပန်းနေလို့ဖြစ်မှာပါ ဆေးရုံထဲမှ ပြန်ထွက်လာခဲ့ပြီးဒီလိုချိန်ဆို တေဇ ကိုသတိရမိသည် ။

Clubမှာ စိတ်ညစ်စရာတွေဖျောက်ပစ်ပြီး ၂ယောက် ကဲနေကျလေ အခုတော့ တေဇ ကနယ်ဘက်ရောက်သွားပြီ ဘယ်ချိန်မှ ပြန်လာရမယ်မသိ စိုပြေ့ကိုလွမ်းတိုင်း ကိုယ့်ဆီပဲဖုန်းလာလာဆက်တယ် ကိုယ်တိုင်လည်းသွားမတွေ့ပဲ
ဘယ်လိုကောင်လည်းမသိဘူး

အိမ်သို့သာပြန်ခဲ့ရပေမဲ့ အိပ်မပျော်သဖြင့် တစ်ညလုံး စိုပြေနဲ့ Gameဆော့နေသည် ။စိုပြေလည်း ဘာတွေညစ်နေလဲမသိဘူး ကိုယ်နဲ့ တစ်ညလုံး Game ကစားပေးနေသည်။

*
*

ဟန်ခေ တစ်ညလုံးဆေးရုံမှာပဲ ငိုရလွန်းလို့လားမသိ မျက်လုံးလေးအစ်နေသည် ။ဘယ်ချိန်ကအိပ်ပျော်သွားမှန်းမသိ စားပွဲပေါ်တွင် မှောက်အိပ်နေမိသည် ။

နာရီကြည့်လိုက်တော့ မနက်၄နာရီ ဖြစ်၍
အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်၏ ။အိမ်မှာလည်း မောင်တော် တေဇ မရှိလို့ ခြောက်ကပ်နေတာပဲ
ကိုယ့်အခန်းထဲကိုယ်သာ ၀င်လာခဲ့ပြီး
တေဇအခန်းလေးကို တစ်ချက်ကြည့်မိလိုက်သေးသည်။

သူမရှိတော့ ရင်ဖွင့်စရာလူမရှိပြန်ဘူး
အခန်းထဲရောက်တော့ လင်းယောင် ၀ယ်ပေးတဲ့ ဖိနပ်အနီလေးမြင်၍ တစ်ဖန် မျက်ရည်ကျမိပြန်သည် ။

"သူ သာသိရင် ငါ့ကိုဘယ်လောက်တောင်မုန်းသွားမလဲ တမလွန်က သူ့မိဘတွေလည်း ငါ့ကိုဘယ်လောက်မုန်းနေမလဲ ငါ့ကြောင့် သူတို့အသက်ဆုံးရပြီး အခုသူ့သားနဲ့ ပျော်ရွှင်နေတယ် ဟင့် ဟင့် ငါအတော်မကောင်းတဲ့မိန်းမပဲ  "

ကိုယ့်ကိုယ်ကိုယ်အပစ်တင်မိပြန်သည် ။
၈နာရီထိုးရင် ဆေးရုံကိုပြန်သွားရမည်မို့ မျက်နှာသစ်အ၀တ်လဲရင်း power offထားတာကို ပြန်ဖွင့်ကြည့်တော့ သူ ဖုန်းခေါ်ထားတာ အခါ၅၀ကျော်တာပဲ

ငါ နင့်ကိုမရင်ဆိုင်ရဲဘူး လင်းယောင်

ပြောရင်းဆိုရင်း ဖုန်း၀င်လာတာက သူ့ဆီကယောင်မှားလို့ ကိုင်လိုက်မိတာ

မင်းကြိုက်သလိုချစ် (Completed) OCOn viuen les histories. Descobreix ara