မင်းကြိုက်သလိုချစ်
အပိုင်း(15)"ဟင် ငါ၇နာရီဒီနားမှာစောင့်လို့ပြောထားပါတယ် "
တေဇက နာရီကြည့်လိုက် သူမ ကိုရှာလိုက်ဖြင့် အလုပ်ရှုပ်နေ၏။
"မနေ့ညကဖုန်းဆက်ထားရဲ့သားနဲ့ ထွက်မစောင့်ပြန်ဘူး"
တေဇက သူမ အိမ်ထဲထိ၀င်လာခဲ့ရသည်။
"ဒေါ်ဒေါ်မြ စိုပြေ ရော"
"အဲ့ အစ် အစ် ကိုလေး "
ဒေါ်ဒေါ်မြ စိုးရိမ် နေပုံထောက်ရင် စိုပြေ့အမေ အိမ်မှာရှိပုံရသည်။
"ဘာလဲ "
ပြောရင်းဆိုရင်း အိပ်ခန်းထဲမှ ထွက်လာသူ ဆံပင်ကောက်ကောက်နဲ့ ခပ်ပိန်ပိန် မိန်းမ တစ်ဦးသည် လက်ထဲတွင်လည်း ဝိုင်ခွက်တစ်ခွက်ကိုင်ထားသေးသည်။
မနက်စောစောစီးစီး ဒီပုံစံနဲ့ဆိုတော့ မနေ့ညကလည်း စိုပြေနဲ့ပြဿနာရှိပုံပဲ။
"ဟုတ်ကဲ့ ကျွန်တော် စိုပြေ့ကိုကျောင်းလိုက်ပို့မလို့ပါ အန်တီ"
"ငါတို့အိမ်က ကျောင်းလိုက်မပို့နိုင်ရလောက်အောင် အလုပ်ရှုပ်တဲ့အခြေအနေမှာမရှိသေးဘူး "
တေဇ ဒီစကားတွေကိုမျှော်လင့်ပြီးသားဖြစ်တာမို့ မအံ့သြတော့ပေ။အလယ်တန်း အထက်တန်း တက္ကသိုလ်ထိ ဒီလိုစကားတွေ အန်တီဒါလီပြောနေကျပေမို့။
"အဟွန်း ဒါပေမဲ့ ...."
"စိုပြေ စိုပြေ ဆင်းခဲ့စမ်း ညည်းကိစ္စ ညည်းလာရှင်း"
ဒေါ်ဒါလီ အိမ်အပေါ်မှ သူ့သမီးကို လှမ်းအော်ခေါ်လေသည်။ ည၀တ်အင်္ကျီအဖြူရောင်ဂါ၀န်ရှည်ကြီးကိုတောင်မလဲနိုင်ဆံပင်တွေလည်းရှုပ်ပွကာ မျက်တွင်းလည်းချိုင့်နေလေသောစိုပြေကထွက်လာလျှင်
"စိုပြေ"
တေဇ သူမကိုကြည့်ရင်း တကယ်စိတ်ဆင်းရဲစွာ သနားလည်းသနားသည် ။
"နင်...."
လှေကားကိုတစ်ထစ်ချင်းဆင်းလာသည်က ချိနဲ့ စွာဖြင့်
"ငါနင့်ကိုပြောမထားဘူးလား စိုပြေ ဒီကောင်တွေကိုမမြင်ချင်ဘူးလို့ ဘာလို့ပေါ်ပေါ်လာတာလဲ "
YOU ARE READING
မင်းကြိုက်သလိုချစ် (Completed) OC
Romance၈နှစ်ကြာအောင်အတူတကွအမြဲပေါင်းခဲ့ကြသော ငယ်သူချင်း၃ယောက်ကြားတွင် ကွယ်ဝှက်ထားသောအချစ်ရေးအချို့ရှိသည့်ကြားကနေမှ တစ်ဖန် သူငယ်ချင်းရဲ့အစ်မကိုမှချစ်မိသွားသည့်အခါ ဖြစ်ပေါ်လာမည့် ၄ပွင့်ဆိုင်အချစ်ဇာတ်လမ်းနှင့်အတူ သူငယ်ချင်းသံယောဇဥ်ကိုရောဖတ်ရှုရမယ့်ဇာတ်လမ်းလေး...