Part (16) Uni/Zawgyi

11K 329 8
                                    

မင်းကြိုက်သလိုချစ်
အပိုင်း(16)

"မင်း ကြိုက်နေလို့ကွ "

ခပ်ပြင်းပြင်းလက်သီးတစ်ချက်ကို တေဇ မတုန့်ပြန်မိဘဲလင်းယောင်ကို ငူငူကြီးကြည့်နေချိန် သူတို့၂ယောက်ကြားတိတ်ဆိတ်မှုကိုဖန်တီးချိန်၌ တံခါးဖွင့်သံတစ်ခုကြားလိုက်ရ၍
လင်းယောင်လှည့်ကြည့်အခါ ဆံနွယ်စလေးများတွေ့လိုက်ရသည်မို့ မ လား။

ထိုအတွေး၀င်လာသည်က ရင်ဘက်ကြီးကို တူဖြင့်ထုလိုက်လေသလား တေဇက ဆံပင်တွေကိုဖွပစ်လိုက်ပြီး

"မင်း မင်းကွာ"

"မင်း စိုပြေကိုမကြိုက်ဘူးလား ပြောလေ ဟက် မင်းကြိုက်နေတာပဲ မဟုတ်လား "

"မဟုတ်ဘူးကွ ငါစိုပြေကိုမကြိုက်ဘူး ငါမကြိုက်ဘူး ငါကစိုပြေကိုချစ်တာကွ ပက်ပက်စက်စက်ချစ်တာ "

၂ဦးကြားမှာတစ်ခါစကားစပြတ်သွားပြန်၍
လင်းယောင်က ၀ရန်တာလက်ရန်းပေါ်သို့ တက်ထိုင်လိုက်သည့်အခါ တေဇက ကျောပေးကာခါးထောက်ထားရာမှ

"အဲ့တာကြောင့် သူပျော်ရင်ပြီးရောဆိုပြီး မင်းနဲ့နီးစပ်စေချင်ခဲ့တာ ငါမင်းတို့၂ယောက်အတွက်ပေးဆပ်ခဲ့တာ "

"ဒါပေမဲ့ ငါမချစ်ဘူး "

လင်းယောင်အဖြေကရှင်းပါတယ်
သူခံစားသလိုပဲဖြေလိုက်သည်။

"ငါစိုပြေကိုသဘောကျခဲ့ရုံသက်သက်ပဲ
ငါ မ ကိုပဲချစ်တာ မ ကိုမှချစ်မိတာကွာ "

တေဇက သက်ပြင်းရှည်တစ်ချက်ချလိုက်ကာ

"စိုပြေကိုမင်း ဘယ်လိုလုပ်မယ်စိတ်ကူးလဲ"

"ရှင်းတယ် အဲ့တာမင်းအပိုင်း ငါပြောပြီးပြီ ငါစိုပြေကိုမချစ်ဘူး မင်းချစ်နေတာပဲ ငါမင်းအတွက်လို့ပြောခဲ့တယ်မလား "

"အိုခေ...ဆောရီးကွာ ငါစထိုးလိုက်မိတာ "

တေဇကလင်းယောင်းရဲ့ပုခုံးကိုလှမ်းပုတ်ပြီးတောင်းပန်သည့်အခါ

"ဟား မလိုတာတွေ စောက်ပိုမလုပ်နဲ့"

လင်းယောင်က တေဇကို ဖက်လိုက်သည် ။
နှစ်ယောက်စလုံးရဲ့မျက်နှာပေါ်က အပြုံးတွေက လှပလွန်းတယ်ကျောပြင်ကိုတဘုတ်ဘုတ်ပုတ်ရင်း တေဇ တွန်းလွှတ်ကာ

မင်းကြိုက်သလိုချစ် (Completed) OCWhere stories live. Discover now